Home / လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း တနင်္သာရီသင်တန်းသူများ သင်တန်းအပြီးလုပ်ဆောင်ချက် ပြုလုပ်

လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း တနင်္သာရီသင်တန်းသူများ သင်တန်းအပြီးလုပ်ဆောင်ချက် ပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) သင်တန်းပြီး လုပ်ဆောင်ချက်များကို တနင်္သာရီတိုင်းရှိ She Leads သင်တန်းသူများက အောက်တိုဘာလ ၁၅၊ ၁၆ ရက်နေ့များတွင် ယမုံကျေးရွာနှင့် သင်္ကန်းရှောင် ကျေးရွာများရှိ အမျိူးသား၊ အမျိုးသမီးများကို ကျား/မတန်းတူညီမျှမှုဆိုင်ရာ အခြေခံသဘောတရားများကို ပြန်လည်မျှဝေခဲ့သည်။ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်သည့် ယင်းသင်တန်းလုပ်ဆောင်ချက်များတွင် သင်တန်းတွင် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးခဲ့ကြသည်။