ပင်မစာမျက်နှာ / စတုတ္ထအကြိမ်မြောက် အာရှရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအသီးသီးမှပါဝင်ပတ်သက်သူများ ဖိုရမ် ကျင်းပ

စတုတ္ထအကြိမ်မြောက် အာရှရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍအသီးသီးမှပါဝင်ပတ်သက်သူများ ဖိုရမ် ကျင်းပ

သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင်ကျင်းပသော စတုတ္ထအကြိမ်မြောက် အာရှရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ ဖိုရမ် ပထမနေ့ကို မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦး၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှအဖွဲ့ဝင် ဦးစိုးရယ်၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ ရောင်ခြည်သစ်အဖွဲ့လည်း တက်ရောက်ခဲ့သည်။ ရေရှည်တည်တံ့သည့် ဒီမိုကရေစီကို ထိန်းသိမ်းရာတွင် အရပ်ဖက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှုကော်မတီနှင့် အရပ်ဖက်အဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်သွယ်မှုများကို သီရိလင်္ကာနိုင်ငံ သမ္မတ Maithripala Sirisena နှင့် လွတ်လပ်သော ရွေးကောက်ပွဲဆိုင်ရာ အာရှကွန်ရက်(Asia Network for Free Election)၏ ဥက္ကဋ္ဌဟောင်း Mr. Damaso G.Magbual.တို့က ပြောကြားခဲ့သည်။ ယင်းဖိုရမ်ကို ၂၇၊ သြဂုတ်၊ ၂၀၁၈ မှ၂၈၊ သြဂုတ်၊ ၂၀၁၈ထိ သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့တွင် နှစ်ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်သည်။

 


Related News