ပင်မစာမျက်နှာ / တွဲလက်ညီညီကမ်ပိန်းမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

တွဲလက်ညီညီကမ်ပိန်းမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရောင်ခြည်သစ်အဖွဲ့၏ “အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီ ရပ်ကြစို့”ကမ်ပိန်းမိတ်ဆက်ပွဲကို ၂၁၊ ဇူလိုင်၊ ၂၀၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မိတ်ဆက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ International Foundation for Electoral System (IFES) အဖွဲ့မှ အာရှဆိုင်ရာ ဒါရိုက်တာ Vasu Mohan ၊ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ INGOs အဖွဲ့အစည်းများ၊ She Leads သင်တန်းသူဟောင်းများနှင့် တခြားသက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ယင်းတွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။


Related News