မြန်မာနိုင်ငံရှိ အမျိုးသမီးများသည် သဘာဝဘေးအန္တရာယ်ထိခိုက်မှုအပါအ၀င် အခြားသော လူသားချင်း စာနာမှုဆိုင်ရာ အကျပ်အတည်းများနှင့် ကျား/မအခြေပြု အကြမ်းဖက်မှုများကို ဆိုးဝါးစွာ ရင်ဆိုင်ခံစား နေကြရပြီး ကူညီထောက်ပံ့မှုများ လိုအပ်လျက် ရှိသည်။ အဖွဲ့အနေဖြင့် သဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရမှုများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန်၊ လိုအပ်ချက်များဆောင်ရွက်နိုင်ရန်နှင့် ထိခိုက်မှုများကို အနိမ့်ဆုံးလျှော့ချနိုင်ရေး လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အမျိုးသမီးများ ခံစား တွေ့ကြုံနေရသော ကျား/မအခြေပြုအကြမ်းဖက်မှုများကို ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေး လုပ်ငန်းများနှင့် ပြန်လည်ကုစားနိုင်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း ချမှတ်လုပ်ဆောင်သွားမည် ဖြစ်သည်။


