ပင်မစာမျက်နှာ / မုံရွာမြို့၊ သပြေပင်စုကျေးရွာတွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

မုံရွာမြို့၊ သပြေပင်စုကျေးရွာတွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၄၊ ဖေဖော်ဝါရီ၂၀၁၈ ရက်နေ့ မဟာဇောတိကာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ပြုလုပ်သော (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် she leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်)သင်တန်းသူများက  တွဲလက်ညီညီကမ်ပိန်းကို သွားရောက်လုပ်ဆောင်ခဲ့ကြသည်။ ဆရာမများ၏ ထောက်ခံအားပေးမှုဖြင့် အမျိုးသား ၉ ယောက်နှင့် အမျိုးသမီး ၁၆ ယောက်မှ တွဲလက်ညီညီကမ်ပိန်းကို ထောက်ခံအားပေးခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။


Related News