ပင်မစာမျက်နှာ / မန္တလေးမြို့၊ နတ်ရေကန်ကျးရွာတွင် She Leads သင်တန်းသူများမှ တွဲလက်ညီညီကမ်ပိန်းပြုလုပ်

မန္တလေးမြို့၊ နတ်ရေကန်ကျးရွာတွင် She Leads သင်တန်းသူများမှ တွဲလက်ညီညီကမ်ပိန်းပြုလုပ်

၂၅၊ ဒီဇင်ဘာ၊ ၂၀၁၇ တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ နတ်ရေကန်ကျေးရွာတွင် she leads သင်တန်းသူများမှနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲနှင့် တွဲလက်ညီညီကမ်ပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို ဒေသခံ ၃၅ ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။


Related News