ပင်မစာမျက်နှာ / ရခိုင်ပြည်နယ်၊ ကျား/မရေးရာခေါင်းဆောင်မှုသင်တန်းသူများ ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များရှိ ကိုယ့်အားကိုယ်ကိုးအမျိုးသမီးအဖွဲ့များထံသွားရောက်လေ့လာ

ရခိုင်ပြည်နယ်၊ ကျား/မရေးရာခေါင်းဆောင်မှုသင်တန်းသူများ ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များရှိ ကိုယ့်အားကိုယ်ကိုးအမျိုးသမီးအဖွဲ့များထံသွားရောက်လေ့လာ

ရောင်ခြည်သစ် လူမှုအဖွဲ့အစည်းမှ ရခိုင်ပြည်နယ်၊ ကျား/မရေးရာခေါင်းဆောင်မှု အစီအစဉ်တွင် ပါဝင်တက်ရောက်ကြသည့် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ မြို့နယ် တို့မှ သင်တန်းသူ အမျိုးသမီး (၆) ဦးအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များရှိ အမျိုးသမီးအဖွဲ့အစည်းတစ်ချို့ထံသို့ (၁၄.၃.၂၀၁၉ မှ ၁၇.၃.၂၀၁၉) ထိ (၄) ရက်တာ သွားရောက်လေ့လာခဲ့ပါသည်။

ညောင်ရွှေမြို့တွင် ဖွဲ့စည်းထားသည့် အမျိုးသမီး ကိုယ်ထူကိုယ်ထဝင်ငွေရလုပ်ငန်း လုပ်ကိုင်နေကြသော အဖွဲ့အစည်းများဖြစ်သည့် ‘ရွှေအင်းသူ’ အမျိုးသမီးကိုယ်ထူကိုယ်ထအဖွဲ့နှင့် ‘ရွှေအင်းလေး’ အင်းလေးမြို့နယ် စိတ်တူကိုယ်တူအဖွဲ့များ၏ လုပ်ငန်းလုပ်ဆောင်နေမှု အကြောင်းအရာများကိုသွားရောက်လေ့လာခဲ့ကြပါသည်။

ထို့နောက် တောင်ကြီးမြို့ပေါ်တွင်ရှိသည့် ရှမ်းပြည်နယ် အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့(SSWDO)၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးကွန်ယက် (SSSWON) အဖွဲ့အစည်းများသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။

မိမိတို့ရောင်ခြည်သစ်အဖွဲ့အား အချိန်ပေးကာ အဖွဲ့အစည်းအကြောင်း၊ လုပ်ငန်းအကြောင်းတို့ကို စိတ်ရှည်စွာဖြင့် ရှင်းလင်းပြောကြားပေးပြီး၊ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံသစ်များ မျှဝေပေးပါသော အဖွဲ့အစည်းများအားလုံးမှ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။


Related News