ပင်မစာမျက်နှာ / ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၂၂၊ ဇန်နဝါရီ၊ ၂၀၁၈ တွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာတွင် she leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်)သင်တန်းသူ မအိအိခင်က  တွဲလက်ညီညီကမ်ပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၃ ဦးတို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။


Related News