ပင်မစာမျက်နှာ / လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း လွိုင်ကော်တွင် ကျင်းပပြုလုပ်

လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း လွိုင်ကော်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်ဖြစ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) ကို မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ လူငယ်အမျိုးသမီးများကို အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။


Related News