ပင်မစာမျက်နှာ / လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်လမြိုင်တွင် ကျင်းပပြုလုပ်

လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်လမြိုင်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) ကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ မော်လမြိုင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ လူငယ်အမျိုးသမီးများကို အမျိုးသမီခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။ ယင်းသင်တန်း၏ အဆက်ဖြစ်သည့် မော်ဂျူး (၂)ကို လာမည့် နိုဝင်ဘာလတွင် ဘားအံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။


Related News