ပင်မစာမျက်နှာ / တတိယအကြိမ် လူငယ်အမျိုးသမီး ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း မော်ဂျူး (၁) လျှောက်လွှာခေါ်ယူခြင်း

တတိယအကြိမ် လူငယ်အမျိုးသမီး ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း မော်ဂျူး (၁) လျှောက်လွှာခေါ်ယူခြင်း

အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အဓိကထားလုပ်ဆောင်သည့် ရောင်ခြည်သစ်အဖွဲ့သည် မျိုးဆက်သစ်လူငယ်အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း ပထမအကြိမ်အဖြစ် မော်ဂျူး(၁)နှင့် မော်ဂျူး(၂)ကို မော်လမြိုင်နှင့် ဘားအံမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ကယားပြည်နယ်၊ လွိုင်ကော်မြိုတို့တွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

တတိယအကြိမ်သင်တန်း မော်ဂျူး(၁)ကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းသင်တန်းကိုမကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ လူငယ်အမျိုးသမီးများ တက်ရောက်နိုင်ရန် လျှောက်ထားနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်။

သင်တန်းကာလ ။ ။ ၁၀ ရက်မှ ၁၃ ရက်၊ ဇူလိုင်လ၊ ၂၀၁၈ ခုနှစ်။

သင်တန်းနေရာ။   ။ မုံရွာမြို၊ စစ်ကိုင်းတိုင်း။

သင်တန်းလျှောက်လွှာပိတ်မည့်ရက် ။   ။၂၅ ရက်၊ ဇွန်လ၊၂၀၁၈ ခုနှစ်။

အင်တာဗျူးမည့်ရက်။ ။ ၂၇ – ၂၉ ရက်၊ ဇွန်လ၊ ၂၀၁၈ ခုနှစ် ။

သင်တန်းလျှော က်လွှာရယူရန် – http://goo.gl/d9rmct


Related News