ပင်မစာမျက်နှာ / လူထုအားလုံးပါဝင်သော ဖွံဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်တင်မှု စီမံကိန်း

လူထုအားလုံးပါဝင်သော ဖွံဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်တင်မှု စီမံကိန်း

ကုလသမဂ္ဂ အမျိုးသမီးအဖွဲ့အစည်း(UN Women)၏ ပံ့ပိုးကူညီမှုဖြင့် ရခိုင်ပြည်နယ်အတွင်း “လူထုအားလုံးပါဝင်သော ဖွံဖြိုးတိုးတက်မှုနှင့် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်တင်မှု စီမံကိန်း”ကို ရောင်ခြည်သစ်အဖွဲ့အစည်းအပါအဝင်၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပြည်တွင်းအဖွဲ့အစည်းများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြပါတယ်။ ဒီအစီအစဉ်မှာ ရောင်ခြည်သစ်မှ ကျား/မရေးရာ ခေါင်းဆောင်မှုမြှင့်တင်သည့် အစီအစဉ်တွင်ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အစီအစဉ်တွင်ပါဝင်တဲ့ ကျေးရွာများထဲမှ ကျေးရွာတစ်ရွာနှင့် မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီကျေးရွာကတော့ မြောက်ဦးမြို့နယ်မှ တိန်ညိုကျေးရွာ ဖြစ်ပါတယ်။ ဒီကျေးရွာမှာ တောင်ပိုင်း၊ မြောက်ပိုင်းအဖြစ် ခွဲခြားထားပြီး ကျေးရွာအုပ်ချုပ်ရေးမှူးမှာ အမျိုးသမီးကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ အိမ်ခြေအားဖြင့် ၃၃၀ ကျော်ရှိပြီးတော့ အဓိကအားဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ ဒီကျေးရွာဟာ ရန်ကုန်-စစ်တွေ ကားလမ်းမဘေးရဲ့ ကိုက်(၃၀ဝ) အကွာခန့်မှာ ရှိပြီး မည့်သည့်လူမှုအဖွဲ့အစည်းမှ မဝင်ရောက်ခဲ့ဖူးသည့် ကျေးရွာတစ်ရွာလည်း ဖြစ်ပါတယ်။ စီပွားရေး/ဖွံ့ဖြိုးမှုအားဖြင့် ပတ်ဝန်းကျင်ရွာများထက် နောက်ကျနေသည့် ကျေးရွာတစ်ရွာဆိုလည်း မှားမည်မဟုတ်ပါ။

ဒီကျေးရွာက သင်တန်းသူ အမျိုးသမီး (၃) ဦးကို ရွေးချယ်ရန် နှင့် စီမံကိန်းအကြောင်းကို ရှင်လင်းပြော ကြားရန်အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသူ/သားများနှင့် ဦးစွာဆွေးနွေးခြင်းများ၊ အချက်အလက်ကောက်ယူခြင်းများ လုပ်ဆောင်ခဲ့ကြပါတယ်။ (၁၀) လတာ ကာလအတွင်း တိန်ညိုကျေးရွာမှာ သင်တန်းသူ အမျိုးသမီး (၃)ကို ရွေးချယ်ကာ ကျား/မ ရေးရာခေါင်းဆောင်မှုအစီအစဉ်တွင် သင်တန်း(၃)ကြိမ် ပါဝင်တက်ရောက်စေခဲ့ပါတယ်။ သင်တန်းပြီးမြောက်ပြီးနောက်ပိုင် သူတို့ကျေးရွာရဲ့ အဓိက လိုအပ်ချက် တွေထဲမှာ တစ်ခုကိုရွေးချယ်စေပြီး လုပ်ငန်းလုပ်ဆောင်ရန်အတွက် ကုန်ကျငွေနှင့် အစီအစဉ်ကာလတို့ကို ရေးဆွဲကာ အဖွဲ့အားတင်ပြစေခဲ့ပါတယ်။ အဖွဲ့မှ လုပ်ငန်းဆောင်ရွက်ရန်အတွက် ငွေပမာတချို့ကို ကျခံပေးပြီး သင်တန်းသူအမျိုးသမီးများအား ဦးဆောင်ကာ အကောင်အထည်ဖော် ဆောင်ရွက်စေခဲ့ပါတယ်။ အခု လက်ရှိမှာ သင်တန်းသူများ၏ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကြောင့် ယခင် ကျေးရွာသူ/ သားများ၊ လူကြီးများ ရေခပ်(ရေသယ်)ရာတွင် အခက်အခဲဖြစ်နေသည့် ရေကန်အတက်အဆင်းလှေကား(၂) ခုအား ခိုင်ခန့်စွာ ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဖွဲ့မှ ငွေကြေးပံ့ပိုးကူညီသည့်အပြင် ထပ်မံလိုအပ်သည့်ငွေကြေး အချို့ကိုလည်း ကျေးရွာလူထုမှထည့်ဝင်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်။ အမျိုးသမီးတွေမှာလည်း ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အချင်းတွေရှိနေပြီးသားဖြစ်ပါတယ်။ အခွင့်အရေးနှင့် လမ်းဖွင့်ပေးဖို့သာ အဓိကအရေးကြီးပါတယ်။


Related News