
ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့ထိ ရန်ကုန်မြို့ရှိ CBCM Training Hall တွင်ကျင်းပပြုလုပ်လျက်ရှိသည်။ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း(မြောက်)၊ ချင်း၊ ကယား၊ တနင်္သာရီ စသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှသင်တန်းသူစုစုပေါင်း ၃၄ ဦးပါဝင်တက်ရောက်လေ့လာသင်ယူလျက်ရှိပါသည်။