ပင်မစာမျက်နှာ / အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပုသိမ်မြို့တွင် ကျင်းပ

အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပုသိမ်မြို့တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့နှင့် ရောင်ခြည်သစ်သင်တန်းသူဟောင်းများဖြင့် ဖွဲ့စည်းထားသော ပုသိမ်မြို့ အခြေစိုက် ပန်းပျိုးသူအမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၆ ရက်၊ ဒီဇင်ဘာ၊ ၂၀၁၇ နေ့တွင် ပုသိမ်မြို့၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ၉၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ လျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။


Related News