ပင်မစာမျက်နှာ / အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး “၁၆ ရက်တာလှုပ်ရှားမှု”ဖဲကြိုးဖြူအထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပပြလုပ်

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး “၁၆ ရက်တာလှုပ်ရှားမှု”ဖဲကြိုးဖြူအထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပပြလုပ်

၂၅၊ နိုဝင်ဘာ၊ ၂၀၁၇ ရက်နေ့(စနေနေ့)က အမျိုးသမီးများအပေါ် အကြမ်းဖျက်မှုပပျောက်ရေး “၁၆ ရက်တာ လှုပ်ရှားမှု” ဖဲကြိုးဖြူအထိမ်းအမှတ်ဖျော်ဖြေပွဲကို မဟာဗန္ဒုလပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဖျော်ဖြေပွဲ ကို Gender Equality Network (GEN) အဖွဲ့ဝင် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။ ယင်းလှုပ်ရှားမှုတွင် GEN ၏ အဖွဲ့ဝင်တစ်ခုဖြစ်သည့် ရောင်ခြည်သစ်အဖွဲ့မှလည်း ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပြီး ရောင်ခြည်သစ် ဒါရိုက်တာ မခင်လှမှ အမျိုးသမီးအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ဥပဒေများကို မျှဝေပြောကြားခဲ့သည်။ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးမှုလျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။


Related News