ပင်မစာမျက်နှာ / အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးပြုလုပ်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးပြုလုပ်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃ – ၂၀၂၂) နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ၄ ဖွဲ့၏ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ၁၇၊ ဇန်နဝါရီ၊ ၂၀၁၈ ရက်နေ့က မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အောက်တိုဘာလ ၂၀၁၇ တွင် ကျင်းပခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၅ နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံမှ ရရှိသော အကြံပြုချက်များ၊ လုပ်ငန်းအဖွဲ့များ၏ တနှစ်တာလုပ်ဆောင်ရန် လုပ်ငန်းများအပါအဝင် အစည်းအဝေးအစီအစဉ် ၉ ခုဖြင့် ပြုလုပ်ခဲ့သည်။ ယင်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ရောင်ခြည်သစ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။


Related News