ပင်မစာမျက်နှာ / တတိယအကြိမ်မြောက် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

တတိယအကြိမ်မြောက် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ တတိယအကြိ်မြောက် ဆွေးနွေးပွဲကို ဇန်နဝါရီ၊ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်၂၀၁၈ Kempinski ဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ် အလုပ်သမားဈေးကွက်ပြုပြင်ပြောင်းလဲမှုနှင့် သက်ဆိုင်သည့် လမ်းပြမြေပုံနှင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ ပိုမိုကောင်းမွန်သည့် အလုပ်သမားဈေးကွက်နှင့် အလုပ်သမားဥပဒေများပေါ်ပေါက်လာရေးအတွက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။


Related News