ပင်မစာမျက်နှာ / လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ဘားအံတွင် ကျင်းပပြုလုပ်

လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ဘားအံတွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၂) ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ လူငယ်အမျိုးသမီးများကို အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။ လူငယ်အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း မော်ဂျူး(၁)ကို စက်တင်ဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။


Related News