ပင်မစာမျက်နှာ / အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်း ၅၀ ကျော် ပူးပေါင်းကျင်းပ

အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်း ၅၀ ကျော် ပူးပေါင်းကျင်းပ

မတ်လ၊ ၈ ရက် ၂၀၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်ခြည်သစ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော် ပူးပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကဗျာရွတ်ခြင်း၊ ပြဇာတ်ကပြခြင်း၊ တေးသီချင်းများသီဆိုခြင်း၊ စကားဝိုင်းဆွေးနွေးပြုလုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ဘောလုံးပြိုင်ပွဲ ဆုပေးခြင်းတို့ ပါဝင်ခဲ့သည်။ အဖွဲ့အစည်းအသီးသီးမှလည်း ၄င်းတို့လုပ်ဆောင်နေသော အမျိုးသမီးအရေးနှင့် ပတ်သက်သည့် ပစ္စည်းများရောင်းချခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကမ်ပိန်းများခင်းကျင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။


Related News