ပင်မစာမျက်နှာ / အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို ချင်းပြည်နယ် တီးတိန်မြို့နယ် ကျင်းပပြုလုပ်

အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို ချင်းပြည်နယ် တီးတိန်မြို့နယ် ကျင်းပပြုလုပ်

ရောင်ခြည်သစ်မှ ဦးဆောင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တီးတိန်မြို့၊ ချင်းပြည်နယ်တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ဒေါ်နိတ်ကိမ်းလျန်း(ဦးစီးမှူး-လူမှုဝန်ထမ်းဦးစီးဌာန-တီးတိန်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊ သင်တန်းသူဟောင်းများက ၄င်းတို့၏ အတွေ့အကြုံကို ပြန်လည်ဝေမျှခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။ ရောင်ခြည်သစ်(She Leads)သင်တန်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များအပါအဝင် ဒေသခံ ၄၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရောင်ခြည်သစ်၏ “အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီရပ်ကြစို့” ကမ်ပိန်းကိုလည်း တက်ရောက်လာသူများမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။


Related News