ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ၂၀၁၉၊ မတ်လ၊ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotelတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရောင်ခြည်သစ်၏ She Leads သင်တန်းသူများ စုပေါင်းပါဝင်လျက် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အခမ်းအနားသို့ ဒေါက်တာတင်တင်ဝင်း(ဥက္ကဌ) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ဦးခင်မောင်ဦး (ညွှန်ကြားရေးမှူးချုပ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးအောင်ကျော်မိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) လူမှုဝန်ထမ်းဦးစီးဌာန၊ Paul Guerin (Country Director) IFES Myanmar တို့မှတက်ရောက်အမှာစကားပြောကြားပေးခဲ့ကြပါသည်။ ရောင်ခြည်သစ်အဖွဲ့၏ ဒါရိုက်တာဆရာမခင်လှမှလည်း ရောင်ခြည်သစ်၏ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသူများမှ အတွေ့အကြုံများဝေမျှခြင်း၊ သရုပ်ဖော်ခြင်း၊ သီချင်းဆိုခြင်းနှင့် ပြဇာတ်တို့ပြုလုပ်ပြသခဲ့ပါသည်။ ညနေ မိတ်ဆုံစားပွဲကိုလည်း အားလုံးစုံစုံညီညီ ပြန်လည်တက်ရောက်ခဲ့ပြီး သင်တန်းသူများမှတိုင်းရင်းသားရိုးရာအကဖြင့်ဖျော်ဖြေကပြခဲ့ပါသည်။














