၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ERCB (Election Reform Coordination Body) အဖွဲ့မှ မတ်လ ၁၈ ရက်၊ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် မဲဆန္ဒရှင်ပညာပေး ကမ်ပိန်းပြုလုပ်ခဲ့ရာ ERCB အဖွဲ့ဝင်များဖြစ်သောMILI ဖန်တီးအိမ်၊ ရောင်ခြည်သစ်၊ Horn Bill၊ MYNFREL၊ PJMတို့ ပါဝင်လျက် မဲဆန္ဒရှင် ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော မဲဆန္ဒရှင်များသိစေရန် အကြောင်းအရာများ ရှင်းလင်းပြောပြခြင်း စသည်တို့ကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရောင်ခြည်သစ်အဖွဲ့မှလည်း အသိပညာပေးသည့် အစီအစဉ်၊ လက်ကမ်းစာစောင်များဝေမျှခြင်း၊ ကားဖြင့်လှည့်လည်တိုက်တွန်းနှိုးဆော်ခြင်းအစီအစဉ်တွင်ပါဝင်ခဲ့ပါသည်။
၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအသိပညာပေးကမ်ပိန်းပြုလုပ်
