ပင်မစာမျက်နှာ / 2018 ဇန်နဝါရီ

Impacts of the floods on the rural areas and proposal framework of rehabilitation assistance in Rakhine State | ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ကျေးလက်သေများ၌ ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များ

Rakhine StateImpacts of the floods on the rural areas and proposal framework of rehabilitation assistance in Rakhine State – https://goo.gl/ywLejz

ရခိုင်ပြည်နယ်ရှိ ရေဘေးသင့်ကျေးလက်သေများ၌ ပျက်စီးဆုံးရှုံးမှုအခြေအနေများနှင့် ပြန်လည်ထူထောင်ရေးအတွက် လိုအပ်ချက်များ – https://goo.gl/K4vJzRRead more...


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ ၂၃ ရက်၊ ဇန်နဝါရီ၊ ၂၀၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ရောင်ခြည်သစ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။… Read more...


တတိယအကြိမ်မြောက် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ တတိယအကြိ်မြောက် ဆွေးနွေးပွဲကို ဇန်နဝါရီ၊ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်၂၀၁၈ Kempinski ဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ် အလုပ်သမားဈေးကွက်ပြုပြင်ပြောင်းလဲမှုနှင့် သက်ဆိုင်သည့် လမ်းပြမြေပုံနှင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ ပိုမိုကောင်းမွန်သည့် အလုပ်သမားဈေးကွက်နှင့် အလုပ်သမားဥပဒေများပေါ်ပေါက်လာရေးအတွက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။… Read more...


အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးပြုလုပ်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃ – ၂၀၂၂) နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ၄ ဖွဲ့၏ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ၁၇၊ ဇန်နဝါရီ၊ ၂၀၁၈ ရက်နေ့က မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အောက်တိုဘာလ ၂၀၁၇ တွင် ကျင်းပခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၅ နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံမှ ရရှိသော အကြံပြုချက်များ၊ လုပ်ငန်းအဖွဲ့များ၏ တနှစ်တာလုပ်ဆောင်ရန် လုပ်ငန်းများအပါအဝင် အစည်းအဝေးအစီအစဉ် ၉ ခုဖြင့် ပြုလုပ်ခဲ့သည်။ ယင်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ရောင်ခြည်သစ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။… Read more...


ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၁၈ ရက်နေ့က ရန်ကုန်မြို့၊ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်း ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်းကို သံလွငြ်ပည်သူ့ရေးရာ မူဝါဒများ လေ့လာရေးအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့မှ ပူးပေါင်း၍ စာတမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် မူဝါရေးရာစာတမ်းနှင့်ပတ်သက်သည့် စကားဝိုင်းကို ဦးဆောင်ဆွေးနွေးမည့် သူများမှ ဆွေးနွေးခြင်း၊ စာတမ်းတွင် ပါရှိသည့်အကြောင်းအရာများနှင့် အချက်အလက်များကို အပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်သူများမှ မေးခွန်းများမေးမြန်းခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ ရောင်ခြည်သစ်အဖွဲ့မှ ဒါရိုက်တာ မခင်လှမှ အခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့သည်။

မြန်မာဘာသာဖြင့် ရယူရန်

https://drive.google.com/file/d/1YIDoZ3NVZul6CsBBq1yscNeM7pZVHUud/view?usp=sharing

အဂ်လိပ်ဘာသာဖြင့် ရယူရန်

https://drive.google.com/file/d/1HqDk-bg23VGzhsaFZw7FbjKGS-aP9UBM/view?usp=sharing… Read more...