ပင်မစာမျက်နှာ / 2018 ဇူလိုင်

She Leads Talk မုံရွာမြို့ အမျိုးသမီးစကားဝိုင်းပြုလုပ်

ဇူလိုင် လ ၁၄ ရက်နေ့တွင် She Lead Talk အမျိုးသမီးစကားဝိုင်းကို မုံရွာမြို့ရှိ Fancy House ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအကြောင်းအရာကို She Leads သင်တန်းသူ ဒေါ်ခင်မာဝင်းကလည်းကောင်း၊ အမျိုးသမီးနှင့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာကို သင်တန်းသူ ဒေါ်တင့်တင့်ဆွေကလည်းကောင်း ဦးဆောင်ဆွေးနွေးသွားကြပါသည်။ တက်ရောက်လာခဲ့ကြသော She Leads မုံရွာသင်တန်းသူများကလည်း အပြန်အလှန်မေးခွန်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။… Read more...


ရောင်ခြည်သစ်မှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ NLD အမျိုးသမီးညီလာခံတွင် ခင်းကျင်းပြသ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံတွင် ရောင်ခြည်သစ်အဖွဲ့က ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ စာအုပ်များ၊ အသိပညာပေးစာစောင်များကို သွားရောက်ပြသဝေငှပေး ခဲ့ပါသည်။ အဆိုပါ ညီလာခံကို ၃၀၊ ဇွန်လမှ ၂ ဇူလိုင်လ ၂၀၁၈ ခုနှစ်အထိ နေပြည်တော်ရှိ MICC 2 ခန်းမတွင် သုံးရက်ကျင်းပမည် ဖြစ်သည်။… Read more...