လှုမှုအဖွဲ့အစည်းများပူးပေါင်းကျင်းပသော ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ၂၅၊ နိုဝင်ဘာ၊၂၀၁၈ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရောင်ခြည်သစ်အဖွဲ့မှလည်း အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများနှင့် အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် တွဲလက်ညီညီကမ်ပိန်း အသိပညာပေးခြင်းများ ပါဝင် ပြုလုပ်နိုင်ခဲ့ပါသည်။… Read more...
She Leads သင်တန်းသူများအား အသေးစားငွေကြေးပံ့ပိုးမည့်အစီအစဉ်
ရောင်ခြည်သစ်အနေဖြင့် She Leads အဆင့်မြင့်သင်တန်းတက်ရောက်ပြီးသော သင်တန်းသူဟောင်း များအတွက်ရည်ရွယ်ပြီး အသေးစားငွေကြေးပံ့ပိုးမည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ပြည်နယ်(သို့)တိုင်းဒေသကြီးတစ်ခုစီမှအမျိုးသမီး စွမ်းဆောင်ရည်မြင့်တင်ခြင်းနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် အကောင်အထည်ဖော်လုပ်ဆောင်မည့်အုပ်စုတစ်ခုစီကို အသေးစား ငွေကြေးပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကိုလျှောက်ထားရာတွင် She Leads သင်တန်းသူ များအနေဖြင့် အဖွဲ့(အုပ်စု)လိုက်လျှောက်ထားရမည်ဖြစ်ပြီး အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည် ဖြစ်သည်။ She Leads သင်တန်းမှလေ့လာသင်ယူခဲ့ရသော အသိပညာဗဟုသုတများနှင့် ခေါင်းဆောင်မှုစွမ်းရည် များကို ရပ်ရွာဒေသအတွက် အကျိုးပြုစေရန်တီထွင် ဖန်တီးထားသောပုံစံများဖြင့် လျှောက်ထားသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။***ဘယ်သူတွေလျှောက်ထားနိုင်သလဲ*** အပတ်စဉ် ၁ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၂ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၃ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ တူညီသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ အမှတ်စဉ် (၁)၊(၂) နှင့် (၃) တို့တွင် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူဟောင်းများစုပေါင်း၍လည်း လျှောက်ထားနိုင်သည်။မှတ်ချက် ။ ။ တစ်ဦးတစ်ယောက်တည်းလျှောက်ထားခြင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။***ဘယ်တော့လျှောက်ထားရမလဲ*** ၁၆.၁၁.၂၀၁၈ ရက်နေ့ (သောကြာနေ့) တွင် စတင်လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပုံစံကို Yaung Chi Thit / She Leads ဖေ့ဘုတ်စာမျက်နှာတွင် ရယူနိုင် ပါသည်။… Read more...
အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်မြှင့်တင်မှုစီမံကိန်း” “ ကျားမရေးရာ ခေါင်းဆောင်မှုသင်တန်းမော်ဂျူး(၁)
ရောင်ခြည်သစ်အဖွဲ့အနေဖြင့်” အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်မှု မြှင့်တင်မှုစီမံကိန်း” ကျားမရေးရာခေါင်းဆောင်မှုသင်တန်းမော်ဂျူး(၁)” ကို စစ်တွေမြို့၊ ရှေးကရုဏာခန်းမတွင် နို၀င်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များမှ အမျိုးသမီး(၂၉)ဦး ပါဝင်လေ့လာသင်ယူလျက်ရှိပါသည်။… Read more...
အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး (အဆင့်မြင့်) သင်တန်း ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်
ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့ထိ ရန်ကုန်မြို့ရှိ CBCM Training Hall တွင်ကျင်းပပြုလုပ်လျက်ရှိသည်။ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း(မြောက်)၊ ချင်း၊ ကယား၊ တနင်္သာရီ စသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှသင်တန်းသူစုစုပေါင်း ၃၄ ဦးပါဝင်တက်ရောက်လေ့လာသင်ယူလျက်ရှိပါသည်။… Read more...