၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအသိပညာပေးကမ်ပိန်းပြုလုပ်

၂၀၁၉ ရန်ကုန်စည်ပင်ရွေးကောက်ပွဲအတွက် ERCB (Election Reform Coordination Body)  အဖွဲ့မှ မတ်လ ၁၈ ရက်၊ ၂၁ နှင့် ၂၂ ရက်နေ့တို့တွင် လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်သာယာမြို့နယ်တို့တွင် မဲဆန္ဒရှင်ပညာပေး ကမ်ပိန်းပြုလုပ်ခဲ့ရာ ERCB အဖွဲ့ဝင်များဖြစ်သောMILI ဖန်တီးအိမ်၊ ရောင်ခြည်သစ်၊ Horn Bill၊ MYNFREL၊ PJMတို့ ပါဝင်လျက် မဲဆန္ဒရှင် ပညာပေးစာစောင်များဖြန့်ဝေခြင်း၊ ရန်ကုန်စည်ပင်ရွေးကောက်ပွဲနှင့် သက်ဆိုင်သော မဲဆန္ဒရှင်များသိစေရန် အကြောင်းအရာများ ရှင်းလင်းပြောပြခြင်း စသည်တို့ကို အင်တိုက်အားတိုက်ဆောင်ရွက်နိုင်ခဲ့ပါသည်။ ရောင်ခြည်သစ်အဖွဲ့မှလည်း အသိပညာပေးသည့် အစီအစဉ်၊ လက်ကမ်းစာစောင်များဝေမျှခြင်း၊ ကားဖြင့်လှည့်လည်တိုက်တွန်းနှိုးဆော်ခြင်းအစီအစဉ်တွင်ပါဝင်ခဲ့ပါသည်။… Read more...


ရခိုင်ပြည်နယ်၊ ကျား/မရေးရာခေါင်းဆောင်မှုသင်တန်းသူများ ရှမ်းပြည်တောင်ပိုင်း အင်းလေး၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များရှိ ကိုယ့်အားကိုယ်ကိုးအမျိုးသမီးအဖွဲ့များထံသွားရောက်လေ့လာ

ရောင်ခြည်သစ် လူမှုအဖွဲ့အစည်းမှ ရခိုင်ပြည်နယ်၊ ကျား/မရေးရာခေါင်းဆောင်မှု အစီအစဉ်တွင် ပါဝင်တက်ရောက်ကြသည့် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ မြို့နယ် တို့မှ သင်တန်းသူ အမျိုးသမီး (၆) ဦးအား ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေး၊ ညောင်ရွှေနှင့် တောင်ကြီးမြို့များရှိ အမျိုးသမီးအဖွဲ့အစည်းတစ်ချို့ထံသို့ (၁၄.၃.၂၀၁၉ မှ ၁၇.၃.၂၀၁၉) ထိ (၄) ရက်တာ သွားရောက်လေ့လာခဲ့ပါသည်။

ညောင်ရွှေမြို့တွင် ဖွဲ့စည်းထားသည့် အမျိုးသမီး ကိုယ်ထူကိုယ်ထဝင်ငွေရလုပ်ငန်း လုပ်ကိုင်နေကြသော အဖွဲ့အစည်းများဖြစ်သည့် ‘ရွှေအင်းသူ’ အမျိုးသမီးကိုယ်ထူကိုယ်ထအဖွဲ့နှင့် ‘ရွှေအင်းလေး’ အင်းလေးမြို့နယ် စိတ်တူကိုယ်တူအဖွဲ့များ၏ လုပ်ငန်းလုပ်ဆောင်နေမှု အကြောင်းအရာများကိုသွားရောက်လေ့လာခဲ့ကြပါသည်။

ထို့နောက် တောင်ကြီးမြို့ပေါ်တွင်ရှိသည့် ရှမ်းပြည်နယ် အမျိုးသမီးဖွံ့ဖြိုးရေးအဖွဲ့(SSWDO)၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အမျိုးသမီးကွန်ယက် (SSSWON) အဖွဲ့အစည်းများသို့လည်း သွားရောက်လေ့လာခဲ့ကြပါသည်။

မိမိတို့ရောင်ခြည်သစ်အဖွဲ့အား အချိန်ပေးကာ အဖွဲ့အစည်းအကြောင်း၊ လုပ်ငန်းအကြောင်းတို့ကို စိတ်ရှည်စွာဖြင့် ရှင်းလင်းပြောကြားပေးပြီး၊ စိတ်ဝင်စားဖွယ်ရာ အတွေ့အကြုံသစ်များ မျှဝေပေးပါသော အဖွဲ့အစည်းများအားလုံးမှ တာဝန်ရှိသူအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။… Read more...


ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား၊ ၂၀၁၉ခုနှစ်

ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ၂၀၁၉၊ မတ်လ၊ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotelတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရောင်ခြည်သစ်၏ She Leads သင်တန်းသူများ စုပေါင်းပါဝင်လျက် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အခမ်းအနားသို့ ဒေါက်တာတင်တင်ဝင်း(ဥက္ကဌ) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ဦးခင်မောင်ဦး (ညွှန်ကြားရေးမှူးချုပ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးအောင်ကျော်မိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) လူမှုဝန်ထမ်းဦးစီးဌာန၊ Paul Guerin (Country Director) IFES Myanmar တို့မှတက်ရောက်အမှာစကားပြောကြားပေးခဲ့ကြပါသည်။ ရောင်ခြည်သစ်အဖွဲ့၏ ဒါရိုက်တာဆရာမခင်လှမှလည်း ရောင်ခြည်သစ်၏ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသူများမှ အတွေ့အကြုံများဝေမျှခြင်း၊ သရုပ်ဖော်ခြင်း၊ သီချင်းဆိုခြင်းနှင့် ပြဇာတ်တို့ပြုလုပ်ပြသခဲ့ပါသည်။ ညနေ မိတ်ဆုံစားပွဲကိုလည်း အားလုံးစုံစုံညီညီ ပြန်လည်တက်ရောက်ခဲ့ပြီး သင်တန်းသူများမှတိုင်းရင်းသားရိုးရာအကဖြင့်ဖျော်ဖြေကပြခဲ့ပါသည်။

ဒေါက်တာတင်တင်ဝင်း၊ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ
ဒေါ်ခင်လှ (ဒါရိုက်တာ)၊ ရောင်ခြည်သစ်

Read more...


မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပြည်နယ်အဆင့်တွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌါနမှ ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကျင်းပပြုလုပ်

ယနေ့ မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပြည်နယ်အဆင့်တွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌါနမှ ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် မိမိတို့ရောင်ခြည်သစ်လူမှုအဖွဲ့အစည်းမှလည်း အမျိုးသမီးများနှင့်ပတ်သက်သည့်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ပါဝင်ပြသခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားသောစိတ်ပါဝင်စားသူများမှ လာရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းစဉ်လုပ်ဆောင်နေမှုများအား ရောင်ခြည်သစ်အဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ပါသည်။… Read more...


မြေပုံမြို့ရှိရောင်ခြည်သစ်စာကြည့်တိုက်အတွက် ဒေါက်တာဖြိုးသီဟမှ စာအုပ်လှူဒါန်း

မြေပုံမြို့ရှိ ရောင်ခြည်သစ်စာကြည့်တိုက်အတွက် ဗဟုသုတစုံလင် စွာပါဝင်လျက်စာအုပ် ၅၄ အုပ် လှူဒါန်းပေးပါသော ဒေါက်တာဖြိုးသီဟအား မြေပုံမြို့သူ၊ မြို့သားများကိုယ်စား ရောင်ခြည်သစ်အဖွဲ့မှ ကျေးဇူးအထူးပင်တင်ရှိပါသည်။… Read more...