She Leads နှင့်သတင်းမီဒီယာ

ရောင်ခြည်သစ်အဖွဲ့၏ အမျိုးသမီးစွမ်းရည်မြှင့်အစီအစဉ်ဖြစ်သော She Leads အစီအစဉ်အကြောင်းကို နိုင်ငံတော်အဆင့်နှင့် နိုင်ငံတကာအဆင့်ပုံနှိပ်မီဒီယာနှင့် ရုပ်သံမီဒီယာများတွင်ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြသည်။ ထိုသို့ဖော်ပြခဲ့ခြင်းကြောင့် She Leads အစီအစဉ် နှင့် အမျိုးသမီးများ၏ ခေါင်းဆောင်မှုအခန်းကဏ္ဍအား မြန်မာနိုင်ငံတွင် သာမ နိုင်ငံတကာတွင်ပါ မြှင့်တင်ရန်လိုအပ်လျက်ရှိသည်ကို မီးမောင်းထိုးပြနိုင်ခဲ့သည်။ ထို့အပြင်She Leads ရုပ်သံမှတ်တမ်းကို ရိုက်ကူးခဲ့ပြီး ယင်းရုပ်သံကို မြန်မာ့အသံ (MRTV) တွင် ထုတ်လွှင့်ပြသနိုင်ခဲ့သည်။ အမျိုးသမီးခေါင်းဆောင်မှုအဆင့်မြှင့်သင်တန်းတွင် သင်တန်းသူ များသည်မီဒီယာနှင့် သက်ဆိုင်သော အကြောင်းအရာ များကို လေ့လာ သိရှိခွင့် ရကာ သင်တန်းသူအချို့သည် မီဒီယာနှင့်သက်ဆိုင်သော အခန်းကဏ္ဍများတွင် ပါဝင် လုပ်ဆောင်လာကြသည်။
အောက်ပါ video ကို #Youtube မှာဝင်ကြည့်လို့ရပါတယ်။

Read more...

She Leads စကားဝိုင်း (ပဲခူး)

ရောင်ခြည်သစ်အဖွဲ့၏အစီအစဉ်တစ်ခုဖြစ်သော She Leads Talk အစီအစဉ်ကို ပဲခူးမြို့၊ ရွှေသော့ခန်းမ၌ ၂၁.၄.၂၀၁၉(တနင်္ဂနွေ) ရက်နေ့တွင် ပဲခူးမြို့ရှိရောင်ခြည်သစ်သင်တန်းသူများပါဝင်ဦးဆောင်လျက် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ “အမျိုးသမီးများခေါင်းဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာစေရန် မြှင့်တင်ရေးစကားဝိုင်း”ကို ဒေါ်ဇာမှီဦး (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်မြင့်မြင့်ဝေ (ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်)၊ ရောင်ခြည်သစ်၏သင်တန်းသူဖြစ်သော ဒေါ်မူမူသန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့သည်။ အမျိုးသား ၆ ဦးပါဝင်လျက် တက်ရောက်သူ ၅၄ဦး ရှိပြီး တက်ရောက်လာသူများမှ တက်ကြွစွာဆွေးနွေးခဲ့ကြသည်။


Read more...


She Leads မြန်မာ – ဂုဏ်ယူဝင့်ကြွားအမျိုးသမီးခေါင်းဆောင်များ

ရောင်ခြည်သစ်အဖွဲ့နှင့် ရွေးကောက်ပွဲစနစ်များဆိုင်ရာနိုင်ငံတစ်ကာဖောင်ဒေးရှင်း (IFES မြန်မာ) အဖွဲ့တို့ ပူးပေါင်းပြုစုရေးသားထားသော ” She Leads မြန်မာ-ဂုဏ်ယူဝင့်ကြွားအမျိုးသမီးခေါင်းဆောင်များ” စာအုပ်ကို အောက်ပါလင့်ခ်များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

မြန်မာဘာသာဖြင့်ဖတ်ရှုရန်

https://drive.google.com/file/d/1O5aR9GVrIeMfe6IWE4a-PQEGejwoqKlN/view?usp=sharing

English version

https://drive.google.com/file/d/1ISEAUhGkk_2_yijScP5qyPE5pr-9a7zu/view?usp=sharingRead more...