ရောင်ခြည်သစ်အဖွဲ့အစည်းသည် မတ်လ (၈) ရက်နေ့(ယနေ့)တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့သည်။ စစ်တွေမြို့အခြေစိုက် UN agencies၊ INGO ၊ NGO နှင့် CSO အဖွဲ့အစည်းများဖြင့် ပူးပေါင်းကာ IWD event ကို ပြုလုပ်ခဲ့ပါသည်။… Read more...
ရောင်ခြည်သစ် ၁၀ နှစ်တာခရီးရောက်ပြီ
ရောင်ခြည်သစ် ၁၀ နှစ်တာခရီးရောက်ပြီ (Home)
ရောင်ခြည်သစ်ရဲ့မိတ်ဆွေများအားလုံး အေးချမ်းပြီးပျော်ရွှင်စရာကောင်းတဲ့နေ့ရက်လေးဖြစ်ပါစေနော်။ ဒီနေ့ဟာဆိုရင် ရောင်ခြည်သစ်အဖွဲ့ရဲ့ ၁၀နှစ်တာခရီးပြည့်မြောက်တဲ့နေ့လေးဖြစ်ပါတယ်။ ၁၀နှစ်အတောအတွင်း နယ်ပယ်အသီးသီးမှာရှိကြတဲ့ ချစ်ခင်ရတဲ့မိတ်ဆွေများနဲ့ အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ခြင်းက ရောင်ခြည်သစ်ရဲ့ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။… Read more...
She Leads စကားဝိုင်း (ပဲခူး)
ရောင်ခြည်သစ်အဖွဲ့၏အစီအစဉ်တစ်ခုဖြစ်သော She Leads Talk အစီအစဉ်ကို ပဲခူးမြို့၊ ရွှေသော့ခန်းမ၌ ၂၁.၄.၂၀၁၉(တနင်္ဂနွေ) ရက်နေ့တွင် ပဲခူးမြို့ရှိရောင်ခြည်သစ်သင်တန်းသူများပါဝင်ဦးဆောင်လျက် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။ “အမျိုးသမီးများခေါင်းဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာစေရန် မြှင့်တင်ရေးစကားဝိုင်း”ကို ဒေါ်ဇာမှီဦး (တရားလွှတ်တော်ရှေ့နေ)၊ ဒေါ်မြင့်မြင့်ဝေ (ပဲခူးမြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်)၊ ရောင်ခြည်သစ်၏သင်တန်းသူဖြစ်သော ဒေါ်မူမူသန်းတို့မှ ဦးဆောင်ဆွေးနွေးခဲ့သည်။ အမျိုးသား ၆ ဦးပါဝင်လျက် တက်ရောက်သူ ၅၄ဦး ရှိပြီး တက်ရောက်လာသူများမှ တက်ကြွစွာဆွေးနွေးခဲ့ကြသည်။
ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနား၊ ၂၀၁၉ခုနှစ်
ရောင်ခြည်သစ်အဖွဲ့မှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားကို ၂၀၁၉၊ မတ်လ၊ ၁၁ ရက်နေ့တွင် နေပြည်တော်ရှိ Grand Amara Hotelတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ဧည့်သည်တော်များနှင့် ရောင်ခြည်သစ်၏ She Leads သင်တန်းသူများ စုပေါင်းပါဝင်လျက် ပြုလုပ်ကျင်းပနိုင်ခဲ့ပါသည်။ အခမ်းအနားသို့ ဒေါက်တာတင်တင်ဝင်း(ဥက္ကဌ) အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ဦးခင်မောင်ဦး (ညွှန်ကြားရေးမှူးချုပ်)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဦးအောင်ကျော်မိုး(ဒုတိယညွှန်ကြားရေးမှူးချုပ်) လူမှုဝန်ထမ်းဦးစီးဌာန၊ Paul Guerin (Country Director) IFES Myanmar တို့မှတက်ရောက်အမှာစကားပြောကြားပေးခဲ့ကြပါသည်။ ရောင်ခြည်သစ်အဖွဲ့၏ ဒါရိုက်တာဆရာမခင်လှမှလည်း ရောင်ခြည်သစ်၏ဆောင်ရွက်မှုများကို ရှင်းလင်း ပြောကြားခဲ့ပြီးနောက် သင်တန်းသူများမှ အတွေ့အကြုံများဝေမျှခြင်း၊ သရုပ်ဖော်ခြင်း၊ သီချင်းဆိုခြင်းနှင့် ပြဇာတ်တို့ပြုလုပ်ပြသခဲ့ပါသည်။ ညနေ မိတ်ဆုံစားပွဲကိုလည်း အားလုံးစုံစုံညီညီ ပြန်လည်တက်ရောက်ခဲ့ပြီး သင်တန်းသူများမှတိုင်းရင်းသားရိုးရာအကဖြင့်ဖျော်ဖြေကပြခဲ့ပါသည်။















မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပြည်နယ်အဆင့်တွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌါနမှ ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကျင်းပပြုလုပ်
ယနေ့ မတ်လ(၈)ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ပြည်နယ်အဆင့်တွင် ရခိုင်ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌါနမှ ဦးဆောင်ပြီး လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် မိမိတို့ရောင်ခြည်သစ်လူမှုအဖွဲ့အစည်းမှလည်း အမျိုးသမီးများနှင့်ပတ်သက်သည့်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို ပါဝင်ပြသခဲ့ပါသည်။ အခမ်းအနားသို့ တက်ရောက်လာသည့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အခြားသောစိတ်ပါဝင်စားသူများမှ လာရောက်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းစဉ်လုပ်ဆောင်နေမှုများအား ရောင်ခြည်သစ်အဖွဲ့မှ ရှင်းလင်းပြောကြားခဲ့ပါသည်။… Read more...
အရပ်ဘက်လှုမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်အခမ်းအနားကျင်းပပြုလုပ်
လှုမှုအဖွဲ့အစည်းများပူးပေါင်းကျင်းပသော ၁၆ရက်တာလှုပ်ရှားမှု အစီအစဉ်အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ၂၅၊ နိုဝင်ဘာ၊၂၀၁၈ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရောင်ခြည်သစ်အဖွဲ့မှလည်း အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေးနှင့်ပတ်သက်ပြီး အသိပညာပေးခြင်းများနှင့် အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် တွဲလက်ညီညီကမ်ပိန်း အသိပညာပေးခြင်းများ ပါဝင် ပြုလုပ်နိုင်ခဲ့ပါသည်။… Read more...
She Leads Talk (Yangon) ကျင်းပပြုလုပ်
ရောင်ခြည်သစ်အဖွဲ့အစည်းသည် အမျိုးသမီးနှင့် ဥပဒေအကြောင်းအရာစကားဝိုင်းကို ဇူလှိုင်လ ၂၈ ရက်နေ့ စနေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းတွင် The Fifth Pillar မှ ဦးနေဝင်းနိုင်က ဥပဒေ၏သဘောတရား၊ ကျား/မဖြစ်တည်မှုအတွက် ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုဆိုင်ရာ ဥပဒေအခြေအနေများနှင့် အမျိုးသမီးများဖြင့် သက်ဆိုင်နေသော ဥပဒေဆိုင်ရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကာ တက်ရောက်ကြသော She Leads သင်တန်းသူများက အပြန်အလှန် မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။… Read more...
ရောင်ခြည်သစ်မှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ NLD အမျိုးသမီးညီလာခံတွင် ခင်းကျင်းပြသ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံတွင် ရောင်ခြည်သစ်အဖွဲ့က ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ စာအုပ်များ၊ အသိပညာပေးစာစောင်များကို သွားရောက်ပြသဝေငှပေး ခဲ့ပါသည်။ အဆိုပါ ညီလာခံကို ၃၀၊ ဇွန်လမှ ၂ ဇူလိုင်လ ၂၀၁၈ ခုနှစ်အထိ နေပြည်တော်ရှိ MICC 2 ခန်းမတွင် သုံးရက်ကျင်းပမည် ဖြစ်သည်။… Read more...
ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားခဲ့ရသူများအတွက် ဝန်ဆောင်မှုများဖိုရမ် ကျင်းပ
ကျားမရေးရာအခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားခဲ့ရသူများအတွက် ဝန်ဆောင်မှုများဖိုရမ် (Forum on Service Provisions for Gender – Based Violence Survivors) ကို ၉ မေလ၊ ၂၀၁၈ သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် ကျင်းပခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်း ၅၀ ကျော် ပူးပေါင်းကျင်းပ
မတ်လ၊ ၈ ရက် ၂၀၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်ခြည်သစ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော် ပူးပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကဗျာရွတ်ခြင်း၊ ပြဇာတ်ကပြခြင်း၊ တေးသီချင်းများသီဆိုခြင်း၊ စကားဝိုင်းဆွေးနွေးပြုလုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ဘောလုံးပြိုင်ပွဲ ဆုပေးခြင်းတို့ ပါဝင်ခဲ့သည်။ အဖွဲ့အစည်းအသီးသီးမှလည်း ၄င်းတို့လုပ်ဆောင်နေသော အမျိုးသမီးအရေးနှင့် ပတ်သက်သည့် ပစ္စည်းများရောင်းချခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကမ်ပိန်းများခင်းကျင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။… Read more...