အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း(ရှမ်းမြောက်) မော်ဂျူး(၁) ပြုလုပ်

ရောင်ခြည်သစ်အဖွဲ့အစည်းသည် She Leads Program ၏ အစီအစဉ်တစ်ခုဖြစ်သော အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး သင်တန်း (Beginner Training) ကို လားရှိုးမြို့တွင် သြဂုတ်လ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည် ။ အဆိုပါသင်တန်းကို ရှမ်းမြောက်ရှိ အသက် ၁၇ နှစ်မှ ၄၅ နှစ်ကြားရှိ အမျိုးသမီးများတက်ရောက်လျက်ရှိပါသည်။… Read more...


She Leads Talk (Yangon) ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့အစည်းသည် အမျိုးသမီးနှင့် ဥပဒေအကြောင်းအရာစကားဝိုင်းကို ဇူလှိုင်လ ၂၈ ရက်နေ့ စနေနေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ စကားဝိုင်းတွင် The Fifth Pillar မှ ဦးနေဝင်းနိုင်က ဥပဒေ၏သဘောတရား၊ ကျား/မဖြစ်တည်မှုအတွက် ဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှုဆိုင်ရာ ဥပဒေအခြေအနေများနှင့် အမျိုးသမီးများဖြင့် သက်ဆိုင်နေသော ဥပဒေဆိုင်ရာ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးကာ တက်ရောက်ကြသော She Leads သင်တန်းသူများက အပြန်အလှန် မေးခွန်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်။… Read more...


She Leads Talk မုံရွာမြို့ အမျိုးသမီးစကားဝိုင်းပြုလုပ်

ဇူလိုင် လ ၁၄ ရက်နေ့တွင် She Lead Talk အမျိုးသမီးစကားဝိုင်းကို မုံရွာမြို့ရှိ Fancy House ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအကြောင်းအရာကို She Leads သင်တန်းသူ ဒေါ်ခင်မာဝင်းကလည်းကောင်း၊ အမျိုးသမီးနှင့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာကို သင်တန်းသူ ဒေါ်တင့်တင့်ဆွေကလည်းကောင်း ဦးဆောင်ဆွေးနွေးသွားကြပါသည်။ တက်ရောက်လာခဲ့ကြသော She Leads မုံရွာသင်တန်းသူများကလည်း အပြန်အလှန်မေးခွန်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။… Read more...


ရောင်ခြည်သစ်မှ ထုတ်ဝေသော အသိပညာပေးလက်ကမ်းစာစောင်များ NLD အမျိုးသမီးညီလာခံတွင် ခင်းကျင်းပြသ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပထမအကြိမ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးညီလာခံတွင် ရောင်ခြည်သစ်အဖွဲ့က ထုတ်ဝေသော လက်ကမ်းစာစောင်များ၊ စာအုပ်များ၊ အသိပညာပေးစာစောင်များကို သွားရောက်ပြသဝေငှပေး ခဲ့ပါသည်။ အဆိုပါ ညီလာခံကို ၃၀၊ ဇွန်လမှ ၂ ဇူလိုင်လ ၂၀၁၈ ခုနှစ်အထိ နေပြည်တော်ရှိ MICC 2 ခန်းမတွင် သုံးရက်ကျင်းပမည် ဖြစ်သည်။… Read more...


ရှားတောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က အမျိုးသမီးလူငယ်များအတွက် အားပေးစကားပြောကြား

၂၇၊ မေ၊ ၂၀၁၇ ရက်နေ့ ရောင်ခြည်သစ်မှ ပြုလုပ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်းမှ သင်တန်းသူများအား စိတ်ဓာတ်ခွန်အားတက်ကြွစေရန် တန်ဖိုးရှိသော လေ့လာမှတ်သားဖွယ်စကားများကို မျှဝေပေးခဲ့သည့် ရှားတောမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင့်ဝါထွန်းကို ကျေးဇူးအထူးတင်ရှိပါတယ်။… Read more...


တတိယအကြိမ် လူငယ်အမျိုးသမီး ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း မော်ဂျူး (၁) လျှောက်လွှာခေါ်ယူခြင်း

အမျိုးသမီးများ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် အဓိကထားလုပ်ဆောင်သည့် ရောင်ခြည်သစ်အဖွဲ့သည် မျိုးဆက်သစ်လူငယ်အမျိုးသမီးခေါင်းဆောင်များ ပေါ်ထွက်လာရေးအတွက် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း ပထမအကြိမ်အဖြစ် မော်ဂျူး(၁)နှင့် မော်ဂျူး(၂)ကို မော်လမြိုင်နှင့် ဘားအံမြို့တွင်လည်းကောင်း၊ ဒုတိယအကြိမ်ကို ကယားပြည်နယ်၊ လွိုင်ကော်မြိုတို့တွင်လည်းကောင်း ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

တတိယအကြိမ်သင်တန်း မော်ဂျူး(၁)ကို စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကျင်းပသွားမည် ဖြစ်သည်။ ယင်းသင်တန်းကိုမကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့မှ လူငယ်အမျိုးသမီးများ တက်ရောက်နိုင်ရန် လျှောက်ထားနိုင်ရန် အသိပေးအကြောင်းကြားအပ်ပါသည်။

သင်တန်းကာလ ။ ။ ၁၀ ရက်မှ ၁၃ ရက်၊ ဇူလိုင်လ၊ ၂၀၁၈ ခုနှစ်။

သင်တန်းနေရာ။   ။ မုံရွာမြို၊ စစ်ကိုင်းတိုင်း။

သင်တန်းလျှောက်လွှာပိတ်မည့်ရက် ။   ။၂၅ ရက်၊ ဇွန်လ၊၂၀၁၈ ခုနှစ်။

အင်တာဗျူးမည့်ရက်။ ။ ၂၇ – ၂၉ ရက်၊ ဇွန်လ၊ ၂၀၁၈ ခုနှစ် ။

သင်တန်းလျှော က်လွှာရယူရန် – http://goo.gl/d9rmctRead more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်ဂျူး (၂) လွိုင်ကော်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၂) ကို မေလ ရက်နေ့မှ ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ Golden Hill Kayah ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းသည် မတ်လ ၂၀၊ ကယားပြည်နယ်တွင် ပြုလုပ်ခဲ့သော မော်ဂျူး(၁)ကို တက်ရောက်ခဲ့သူများကို ပြန်လည်ခေါ်ယူပို့ချခြင်းဖြစ်ပြီး ယခုတစ်ကြိမ်တွင် မန္တလေး၊ နေပြည်တော်၊ ကယား၊ ရှမ်းပြည်နယ်(တောင်ပိုင်း)မှ သင်တန်းသူ ၂၀ ဦး တက်ရောက်ခဲ့သည်။


Read more...

အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင်တင်ရေး အဆင့်မြင့်သင်တန်း တောင်ကြီးတွင် ကျင်းပ

အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး အဆင့်မြင့်သင်တန်း (တောင်ကြီး)ကို ၂၀၁၈ခုနှစ် မေလ ၁၂ရက်နေ့မှ ၁၆ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းကို နေပြည်တော်၊ ကယားပြည်နယ်၊ ရှမ်း(တောင်)နှင့် ရှမ်း(ရှေ့)တို့က အခြေခံသင်တန်းပြီးမြောက်ခဲ့သူ သင်တန်းသူ စုစုပေါင်း ၂၇ဦး တို့တက်ရောက်ခဲ့ကြပါသည်။… Read more...


ကျားမရေးရာ အခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားခဲ့ရသူများအတွက် ဝန်ဆောင်မှုများဖိုရမ် ကျင်းပ

ကျားမရေးရာအခြေပြုအကြမ်းဖက်မှုကို တွေ့ကြုံခံစားခဲ့ရသူများအတွက် ဝန်ဆောင်မှုများဖိုရမ် (Forum on Service Provisions for Gender – Based Violence Survivors) ကို ၉ မေလ၊ ၂၀၁၈ သင်္ဂဟဟိုတယ်၊ နေပြည်တော်တွင် ကျင်းပခဲ့သည်။

Read more...

အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီ ရပ်ကြစို့ ကမ်ပိန်း ကချင်ပြည်နယ်တွင် ပြုလုပ်

she leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်)သင်တန်းသူ မနန်းက ၆၊ မေ၊ ၂၀၁၈ မှ အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းမှ ရရှိခဲ့သော သင်ခန်းစာများကို ၈၊ မေ၊ ၂၀၁၈ ရက်နေ့ထိ ကချင်ပြည်နယ်၊ ဝါရှောင်သီတလရံသီဘုန်းကြီးကျောင်းတွင် ပြန်လည်မျှဝေခြင်းနှင့် တွဲလက်ညီညီကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်မြို့နယ်ပေါင်းစုံမှ လူငယ်အပေါင်း ၅၉ တက်ရောက်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။

 Read more...