အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး သင်တန်း မော်ဂျူး(၁) တနင်္သာရီတိုင်းတွင် ကျင်းပ

ရောင်ခြည်သစ်သည် အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေးသင်တန်း မော်ဂျူး(၁) ကို ၂၀၁၈ ခုနှစ် ဧပြီ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ တနင်္သာရီတိုင်း မြိတ်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါသင်တန်းတွင် တနင်္သာရီတိုင်းရှိ ဘုတ်ပြင်းမြို့၊ ကော့သောင်းမြို့၊ ကျွန်းစုမြို့၊ တနင်္သာရီမြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ရေဖြူမြို့၊ လောင်းလုံမြို့၊ ပုလောမြို့၊ မြိတ်မြို့ စသည့်မြို့နယ်များမှ အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း အမျိုးသမီး ၃၂ ဦးတို့ တက်ရောက်နေကြပါသည်။ ယင်းသင်တန်းတွင် ခေါင်းဆောင်မှုမိတ်ဆက်၊ ကျား၊ မရေးရာတန်းတူညီမျှမှု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဆုံးဖြတ်ချက်ချမှတ်သည့် လုပ်ငန်းစဉ်တွင် အမျိုးသမီးများပါဝင်မှုအရေးပါပုံ၊ နိုင်ငံသားအခွင့်အရေးနှင့် တာဝန် စသည့်သင်ခန်းစာများအပါအဝင် သင်ခန်းစာအများအပြားကို ဆွေးနွေးသွားမည်ဖြစ်ပါသည်။… Read more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း လွိုင်ကော်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်ဖြစ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) ကို မတ်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်တို့မှ လူငယ်အမျိုးသမီးများကို အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။

Read more...

အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်း ၅၀ ကျော် ပူးပေါင်းကျင်းပ

မတ်လ၊ ၈ ရက် ၂၀၁၈ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ရောင်ခြည်သစ်အပါအဝင် အရပ်ဖက်အဖွဲ့အစည်းပေါင်း ၅၀ ကျော် ပူးပေါင်းကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် မတ်လ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရန်ကုန်တိုင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကဗျာရွတ်ခြင်း၊ ပြဇာတ်ကပြခြင်း၊ တေးသီချင်းများသီဆိုခြင်း၊ စကားဝိုင်းဆွေးနွေးပြုလုပ်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အကြို ဘောလုံးပြိုင်ပွဲ ဆုပေးခြင်းတို့ ပါဝင်ခဲ့သည်။ အဖွဲ့အစည်းအသီးသီးမှလည်း ၄င်းတို့လုပ်ဆောင်နေသော အမျိုးသမီးအရေးနှင့် ပတ်သက်သည့် ပစ္စည်းများရောင်းချခြင်း၊ လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ကမ်ပိန်းများခင်းကျင်းပြသခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။… Read more...


အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို ချင်းပြည်နယ် တီးတိန်မြို့နယ် ကျင်းပပြုလုပ်

ရောင်ခြည်သစ်မှ ဦးဆောင်ကျင်းပသော အပြည်ပြည်ဆိုင်ရာ အမျိုးသမီများနေ့ အခမ်းအနားကို မတ်လ ၈ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တီးတိန်မြို့၊ ချင်းပြည်နယ်တွင် ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ဒေါ်နိတ်ကိမ်းလျန်း(ဦးစီးမှူး-လူမှုဝန်ထမ်းဦးစီးဌာန-တီးတိန်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခြင်း၊ သင်တန်းသူဟောင်းများက ၄င်းတို့၏ အတွေ့အကြုံကို ပြန်လည်ဝေမျှခြင်း စသည်တို့ ပြုလုပ်ခဲ့သည်။ ရောင်ခြည်သစ်(She Leads)သင်တန်းသူများ၊ အရပ်ဖက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များအပါအဝင် ဒေသခံ ၄၅ ဦးတို့ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ရောင်ခြည်သစ်၏ “အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီရပ်ကြစို့” ကမ်ပိန်းကိုလည်း တက်ရောက်လာသူများမှ ပူးပေါင်းပါဝင်ခဲ့ကြသည်။… Read more...


မုံရွာမြို့၊ သပြေပင်စုကျေးရွာတွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၄၊ ဖေဖော်ဝါရီ၂၀၁၈ ရက်နေ့ မဟာဇောတိကာရာမပါဠိတက္ကသိုလ်ကျောင်းတိုက်တွင် ပြုလုပ်သော (၃၈)ကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် she leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်)သင်တန်းသူများက  တွဲလက်ညီညီကမ်ပိန်းကို သွားရောက်လုပ်ဆောင်ခဲ့ကြသည်။ ဆရာမများ၏ ထောက်ခံအားပေးမှုဖြင့် အမျိုးသား ၉ ယောက်နှင့် အမျိုးသမီး ၁၆ ယောက်မှ တွဲလက်ညီညီကမ်ပိန်းကို ထောက်ခံအားပေးခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်တွင် တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၂၂၊ ဇန်နဝါရီ၊ ၂၀၁၈ တွင် ရှမ်းပြည်မြောက်ပိုင်း၊ နမ္မတူမြို့နယ်၊ ဘော်တွင်းကျေးရွာတွင် she leads အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်)သင်တန်းသူ မအိအိခင်က  တွဲလက်ညီညီကမ်ပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ရပ်ကွက်ဆယ်အိမ်မှူး၊ ရာအိမ်မှူးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁၃ ဦးတို့က ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့တို့ ၂၃ ရက်၊ ဇန်နဝါရီ၊ ၂၀၁၈ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြသည်။ ထိုဆွေးနွေးပွဲတွင် ရောင်ခြည်သစ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့သည်။… Read more...


တတိယအကြိမ်မြောက် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ ဆွေးနွေးပွဲကျင်းပ

အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရေးနှင့် အဖွဲ့အစည်းဆိုင်ရာ စွမ်းရည်မြှင့်တင်ရေး ပါဝင်ပတ်သက်သူများ၏ တတိယအကြိ်မြောက် ဆွေးနွေးပွဲကို ဇန်နဝါရီ၊ ၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင်၂၀၁၈ Kempinski ဟိုတယ်၊ နေပြည်တော်၌ ကျင်းပခဲ့သည်။ အခမ်းအနားတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ၂၀၁၈-၂၀၁၉ ခုနှစ် အလုပ်သမားဈေးကွက်ပြုပြင်ပြောင်းလဲမှုနှင့် သက်ဆိုင်သည့် လမ်းပြမြေပုံနှင့် လုပ်ဆောင်ရမည့် ကိစ္စရပ်များကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်မှ ရှင်းလင်းပြောကြားခဲ့သည်။ ပိုမိုကောင်းမွန်သည့် အလုပ်သမားဈေးကွက်နှင့် အလုပ်သမားဥပဒေများပေါ်ပေါက်လာရေးအတွက် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးခဲ့ကြသည်။… Read more...


အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့များ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးပြုလုပ်

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၁၃ – ၂၀၂၂) နည်းပညာဆိုင်ရာ လုပ်ငန်းအဖွဲ့ ၄ ဖွဲ့၏ လုပ်ငန်းညှိနှိုင်းရေးအစည်းအဝေးကို ၁၇၊ ဇန်နဝါရီ၊ ၂၀၁၈ ရက်နေ့က မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် အောက်တိုဘာလ ၂၀၁၇ တွင် ကျင်းပခဲ့သည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင် ၅ နှင့်သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံမှ ရရှိသော အကြံပြုချက်များ၊ လုပ်ငန်းအဖွဲ့များ၏ တနှစ်တာလုပ်ဆောင်ရန် လုပ်ငန်းများအပါအဝင် အစည်းအဝေးအစီအစဉ် ၉ ခုဖြင့် ပြုလုပ်ခဲ့သည်။ ယင်းလုပ်ငန်းအဖွဲ့အစည်းအဝေးကို ရောင်ခြည်သစ်အဖွဲ့ ဒါရိုက်တာ ဒေါ်ခင်လှ တက်ရောက်ပါဝင်ဆွေးနွေးခဲ့သည်။… Read more...


ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်ပွဲအခမ်းအနား ကျင်းပ

ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်း မိတ်ဆက်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၁၈ ရက်နေ့က ရန်ကုန်မြို့၊ Green Hill ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်း ကျားမတန်းတူရေး မြှင့်တင်ခြင်းဆိုင်ရာ မဟာဗျူဟာများ မူဝါဒရေးရာစာတမ်းကို သံလွငြ်ပည်သူ့ရေးရာ မူဝါဒများ လေ့လာရေးအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)တို့မှ ပူးပေါင်း၍ စာတမ်းပြုစုခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားတွင် မူဝါရေးရာစာတမ်းနှင့်ပတ်သက်သည့် စကားဝိုင်းကို ဦးဆောင်ဆွေးနွေးမည့် သူများမှ ဆွေးနွေးခြင်း၊ စာတမ်းတွင် ပါရှိသည့်အကြောင်းအရာများနှင့် အချက်အလက်များကို အပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်သူများမှ မေးခွန်းများမေးမြန်းခြင်း အစီအစဉ်များဖြင့် ကျင်းပခဲ့သည်။ ရောင်ခြည်သစ်အဖွဲ့မှ ဒါရိုက်တာ မခင်လှမှ အခမ်းအနားကို တက်ရောက်ဆွေးနွေးခဲ့သည်။

မြန်မာဘာသာဖြင့် ရယူရန်

https://drive.google.com/file/d/1YIDoZ3NVZul6CsBBq1yscNeM7pZVHUud/view?usp=sharing

အဂ်လိပ်ဘာသာဖြင့် ရယူရန်

https://drive.google.com/file/d/1HqDk-bg23VGzhsaFZw7FbjKGS-aP9UBM/view?usp=sharing… Read more...