လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်ဂျူး(၂)အပြီး လုပ်ဆောင်ချက် ဘားအံတွင် ပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်ဖြစ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၂) သင်တန်းပြီး လုပ်ဆောင်ချက်ကို ဘားအံမြို့ရှိ She Leads သင်တန်းသူ မနန်းမူလာဖောင်း (ခ) ဖောင်းဖောင်းက ကျား/မတန်းတူညီမျှမှုဆိုင်ရာ အခြေခံသဘောတရားများကို ပြန်လည်မျှဝေပေးခဲ့သည်။ ယင်းအပြင် ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်ပြုလုပ်သည့် တွဲလက်ညီညီကမ်ပိန်း (We Stand Together)ကို မိတ်ဆက်မျှဝေပေးခဲ့သည်။… Read more...


မန္တလေးမြို့၊ နတ်ရေကန်ကျးရွာတွင် She Leads သင်တန်းသူများမှ တွဲလက်ညီညီကမ်ပိန်းပြုလုပ်

၂၅၊ ဒီဇင်ဘာ၊ ၂၀၁၇ တွင် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့၊ နတ်ရေကန်ကျေးရွာတွင် she leads သင်တန်းသူများမှနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲနှင့် တွဲလက်ညီညီကမ်ပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို ဒေသခံ ၃၅ ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ကျောက်ဖြူမြို့နယ်တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့မှ ဦးဆောင်ကျင်းပသော အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၁၀၊ ဒီဇင်ဘာ ၂၀၁၇ နေ့တွင် တိုးရှေရပ်ကွက်၊ ကျောက်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ၅၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ လျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေး လူထုပညာပေးလှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်ရေးသင်တန်းသူများအား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး အတွေ့အကြုံများ ဝေမျှ

၂၈၊ နိုဝင်ဘာ၊ ၂၀၁၇ နေ့ ညနေတွင် ရောင်ခြည်သစ်မှ ပြုလုပ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်းမှ သင်တန်းသူများအား အမျိုးသားလွှတ်တော်အမတ် ဒေါ်နော်လှလှစိုးက လွှတ်တော်အမတ်မဖြစ်မီ အမျိုးသမီးတယောက် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ၊ အတားအဆီးများ၊ လွှတ်တော်အမတ်တာဝန်ထမ်းဆောင်နေချိန်တွင် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲများနှင့် ယင်းအခက်အခဲများကို ကိုယ်တိုင်မည်ကဲ့သို့ ဆောင်ရွက်ဖြေရှင်းခဲ့ပုံများကို မျှဝေပေးခဲ့သည်။… Read more...


အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ဂုံချိန်ကျေးရွာ၊ ကျောက်ဖြူမြို့နယ်တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့မှ ဦးဆောင်ကျင်းပသော အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၉၊ ဒီဇင်ဘာ ၂၀၁၇ နေ့တွင် ဂုံချိန်ကျေးရွာ၊ ကျောက်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ၅၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးမှုလျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု မုံရွာမြို့တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့မှ ဦးဆောင်ကျင်းပသော အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၈၊ ဒီဇင်ဘာ ၂၀၁၇ နေ့တွင် မုံရွာမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို ရောင်ခြည်သစ်သင်တန်းသူဟောင်းများ၊ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းများနှင့် စိတ်ပါဝင်စားသူ ၇၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး မှုလျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ပုသိမ်မြို့တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့နှင့် ရောင်ခြည်သစ်သင်တန်းသူဟောင်းများဖြင့် ဖွဲ့စည်းထားသော ပုသိမ်မြို့ အခြေစိုက် ပန်းပျိုးသူအမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်ရေးအဖွဲ့တို့ ပူးပေါင်း၍ အမျိုးသမီးများအား အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၆ ရက်၊ ဒီဇင်ဘာ၊ ၂၀၁၇ နေ့တွင် ပုသိမ်မြို့၌ ကျင်းပခဲ့သည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ၉၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ လျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး “၁၆ ရက်တာလှုပ်ရှားမှု”ဖဲကြိုးဖြူအထိမ်းအမှတ် ဖျော်ဖြေပွဲ ကျင်းပပြလုပ်

၂၅၊ နိုဝင်ဘာ၊ ၂၀၁၇ ရက်နေ့(စနေနေ့)က အမျိုးသမီးများအပေါ် အကြမ်းဖျက်မှုပပျောက်ရေး “၁၆ ရက်တာ လှုပ်ရှားမှု” ဖဲကြိုးဖြူအထိမ်းအမှတ်ဖျော်ဖြေပွဲကို မဟာဗန္ဒုလပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းဖျော်ဖြေပွဲ ကို Gender Equality Network (GEN) အဖွဲ့ဝင် အဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်ကြခြင်း ဖြစ်သည်။ ယင်းလှုပ်ရှားမှုတွင် GEN ၏ အဖွဲ့ဝင်တစ်ခုဖြစ်သည့် ရောင်ခြည်သစ်အဖွဲ့မှလည်း ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့ပြီး ရောင်ခြည်သစ် ဒါရိုက်တာ မခင်လှမှ အမျိုးသမီးအကြမ်းဖက်မှုနှင့်သက်ဆိုင်သည့် ဥပဒေများကို မျှဝေပြောကြားခဲ့သည်။ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးမှုလျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


ပန်းတနော်မြို့နယ်၊ ကြက်သွန်ကျွန်းကျေးရွာတွင် She Leads သင်တန်းသူများမှ တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၁၆၊ အောက်တိုဘာ၊ ၂၀၁၇ တွင် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်၊ ကြက်သွန်ကျွန်းကျေးရွာတွင် she leads သင်တန်းသူများမှနိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲနှင့် တွဲလက်ညီညီကမ်ပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို ဒေသခံ ၁၅၉ ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


ရောင်ခြည်သစ်နှင့် DIPD တို့ ပူးပေါင်း၍ အမျိုးသမီးလုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာနှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

၁၈၊ နိုဝင်ဘာ၊ ၂၀၁၇ ရက်နေ့က ရောင်ခြည်သစ်နှင့် DIPD တို့ ပူးပေါင်း၍ အမျိုးသမီးလုပ်ငန်းခွင်လုံခြုံရေးဆိုင်ရာနှင့် အခွင့်အရေးများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ခုကို နေပြည်တော်၊ Grand Amara ဟိုတယ်တွင် ကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းမှ ပုဂ္ဂိုလ်များ ၁၀ဝ ကျော်ခန့်တက်ရောက်ခဲ့ပြီး အမျိုးသမီးများလုပ်ငန်းခွင့်ဆိုင်ရာ လုံခြုံမှုအခြေအနေများနှင့် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။… Read more...