လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း ဘားအံတွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၂) ကို နိုဝင်ဘာ ၂၇ ရက်နေ့မှ နိုဝင်ဘာ ၃၀ ရက်နေ့ထိ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ လူငယ်အမျိုးသမီးများကို အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။ လူငယ်အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်း မော်ဂျူး(၁)ကို စက်တင်ဘာလ ၃၀ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့အထိ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။… Read more...


ပုသိမ်မြို့နယ် ကျောင်ချောင်းကြီးကျေးရွာတွင် She Leads သင်တန်းသူများမှ တွဲလက်ညီညီကမ်ပိန်း ပြုလုပ်

၁၄၊ အောက်တိုဘာ၊ ၂၀၁၇ တွင် ဧရာဝတီတိုင်းဒေသကြီးပုသိမ်မြို့နယ် ကျောက်ချောင်းကြီးကျေးရွာတွင် she leads သင်တန်းသူများမှ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချရာ နယ်ပယ်အသီးသီးတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးပွဲနှင့် တွဲလက်ညီညီကမ်းပိန်းကို ကျင်းပပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲကို ဒေသခံ ၇၅ ဦး ပူးပေါင်းပါဝင်ခဲ့ကြသည်။ ရောင်ခြည်သစ်အဖွဲ့က ဦးစီးလုပ်ဆောင်သည့် တွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည့် ကမ်ပိန်းတစ်ခု ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၅ နှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ ကျင်းပ

စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင် ၅ နှင့် သက်ဆိုင်သော အဆင့်မြင့်အရာရှိကြီးများညီလာခံ (High Level Conference on Sustainable Development Goals 5)ကို ၂၆ အောက်တိုဘာ၊ ၂၀၁၇ MICC 2 ခန်းမ၊ နေပြည်တော်တွင် ကျင်းပပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနှင့် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့က အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းညီလာခံကို ၂၆ အောက်တိုဘာ၊ ၂၀၁၇ မှ ၂၇ အောက်တိုဘာ၂၀၁၇ အထိ နှစ်ရက်တာ ကျင်းပပြုလုပ်မည် ဖြစ်သည်။ ရောင်ခြည်သစ်မှလည်း တက်ရောက်ဆွေးနွေးခဲ့ပါသည်။… Read more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း သင်တန်းအပြီးလုပ်ဆောင်ချက် ရန်ကုန်တွင် ပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှုအစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်ဖြစ်သော လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) သင်တန်းပြီး လုပ်ဆောင်ချက်များကို ရန်ကုန်မြို့ရှိ She Leads သင်တန်းသူ မမေရီထွန်းက ကျား/မတန်းတူညီမျှမှုဆိုင်ရာ အခြေခံသဘောတရားများကို ပြန်လည်မျှဝေပေးခဲ့သည်။ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်သည့် ယင်းသင်တန်းလုပ်ဆောင်ချက်များတွင် သင်တန်းတွင် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးခဲ့ကြသည်။… Read more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း အပြီးလုပ်ဆောင်ချက် မော်လမြိုင်တွင် ပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) သင်တန်းပြီးလုပ်ဆောင်ချက်များကို မော်လမြိုင်ရှိ She Leads သင်တန်းသူ မဖူးပွင့်ဇော်က ကျား/မတန်းတူညီမျှမှုဆိုင်ရာ အခြေခံသဘောတရားများကို ပြန်လည်မျှဝေပေးခဲ့သည်။ အမျိုးသမီး ခေါင်းဆောင်များ ပိုမိုများပြားလာစေရန် ရည်ရွယ်သည့် ယင်းသင်တန်းလုပ်ဆောင်ချက်များတွင် သင်တန်းတွင် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများ၊ ဗဟုသုတများကို မိမိတို့ရပ်ရွာတွင် ပြန်လည်လက်ဆင့်ကမ်း မျှဝေပေးခဲ့ကြသည်။… Read more...


အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု ကျောက်ဖြူမြို့နယ်တွင် ကျင်းပ

ရောင်ခြည်သစ်အဖွဲ့မှ ဦးဆောင်ကျင်းပသော အမျိုးသမီးများအား အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ၉၊ ဒီဇင်ဘာ ၂၀၁၇ နေ့တွင် ဂုံချိန်ကျေးရွာ၊ ကျောက်ဖြူမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူ ၅၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ နှစ်စဉ် နိုဝင်ဘာဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့ထိ ၁၆ ရက်တာကာလအတွင်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးမှုလျော့ကျရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးကို ဆန့်ကျင်ရေးလူထုပညာပေး လှုပ်ရှားမှုများကို မြန်မာနိုင်ငံ၏ရှိ ဒေသအသီးသီးတွင်သာမက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကျင်းပပြုလုပ်ကြသည်။… Read more...


လူငယ်အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်လမြိုင်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် လူငယ်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၁) ကို စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၃ ရက်နေ့အထိ မော်လမြိုင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည်။ အသက် ၁၇ မှ ၂၅ ကြားရှိ လူငယ်အမျိုးသမီးများအတွက် ရည်ရွယ်သော အဆိုပါသင်တန်းကို တနင်္သာရီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်နှင့် ပဲခူးတိုင်းရှိ လူငယ်အမျိုးသမီးများကို အမျိုးသမီခေါင်းဆောင်မှုဆိုင်ရာ သဘောတရားများကို လက်ဆင့်ကမ်းဝေမျှနိုင်ခဲ့သည်။ ယင်းသင်တန်း၏ အဆက်ဖြစ်သည့် မော်ဂျူး (၂)ကို လာမည့် နိုဝင်ဘာလတွင် ဘားအံမြို့တွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။… Read more...


အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး အဆင့်မြင့်သင်တန်း ရန်ကုန်တွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သည့် အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး အဆင့်မြင့်သင်တန်းကို စက်တင်ဘာလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ရန်ကုန်မြို့ရှိ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။ ယင်းသင်တန်းသည် She Leads အမျိုးသမီးစွမ်းမြှင့်တင်ရေးအစီအစဉ်မှ ပြုလုပ်သော အခြေခံသင်တန်းများကို တက်ရောက်အောင်မြင်ခဲ့သည့် အမျိုးသမီးများကို အဆင့်မြင့်သင်တန်းအနေဖြင့် ပြန်လည်ခေါ်ယူ၍ တက်ရောက်စေခြင်း ဖြစ်သည်။ ယင်းသင်တန်းတွင် ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်း ဒေသများရှိ She Leads သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။… Read more...


ကျားမတန်းတူညီမျှရေး အသိပညာမြှင့်တင်ခြင်းသင်တန်းအစီအစဉ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ကျင်းပပြုလုပ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကျားမတန်းတူညီမျှရေး အသိပညာမြှင့်တင်ခြင်း သင်တန်းအစီအစဉ်တစ်ခုကို စက်တင်ဘာလ ၁၂ နေ့မှ ၁၃ ရက်နေ့ အထိ နှစ်ရက်တာသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ International Foundation for Electoral Systems (IFES) နှင့် ရောင်ခြည်သစ်အဖွဲ့အစည်းတို့ ပူးပေါင်းကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရုံးတွင် ပြုလုပ်ခဲ့ပါသည်။… Read more...


She Leads Talk စကားဝိုင်း ရန်ကုန်တွင် ကျင်းပပြုလုပ်

ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်းခေါင်းစဉ်အမည်ဖြင့် She Leads Talk အစီအစဉ်ကို စက်တင်ဘာလ ၁ ရက်နေ့ တွင် ရောင်ခြည်သစ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ She Leads Talk တွင် ရောင်ခြည်သစ် အဖွဲ့အစည်း၏ ရန်ကုန်သင်တန်းသူများတက်ရောက်ခဲ့ကြပြီး ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှတ်ခြင်း အကြောင်းအရာများကို အချင်းချင်းပြန်လည်ဝေမျှသည့်ပုံစံဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြပါသည်။ She Leads Program သည် အမျိုးသမီးစွမ်းရည်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ရောင်ခြည်သစ်အဖွဲ့မှ ပြုလုပ်သည့် အစီအစဉ်တခုဖြစ်သည်။ ယင်းအစီအစဉ်တွင် အမျိုးသမီးစွမ်းရည်မြှင့်သင်တန်းများနှင့် စကားဝိုင်းဆွေးနွေးပွဲများကို မြန်မာနိုင်ငံတဝှမ်းတွင် ပြုလုပ်ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...