တွဲလက်ညီညီကမ်ပိန်းမိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ရောင်ခြည်သစ်အဖွဲ့၏ “အမျိုးသမီးခေါင်းဆောင်များ ပိုများဖို့ တွဲလက်ညီညီ ရပ်ကြစို့”ကမ်ပိန်းမိတ်ဆက်ပွဲကို ၂၁၊ ဇူလိုင်၊ ၂၀၁၇ ရက်နေ့၊ ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ မိတ်ဆက်ပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ International Foundation for Electoral System (IFES) အဖွဲ့မှ အာရှဆိုင်ရာ ဒါရိုက်တာ Vasu Mohan ၊ လွှတ်တော်အမတ်များ၊ အရပ်ဘက်အဖွဲ့အစည်းခေါင်းဆောင်များ၊ INGOs အဖွဲ့အစည်းများ၊ She Leads သင်တန်းသူဟောင်းများနှင့် တခြားသက်ဆိုင်ရာပုဂ္ဂိုလ်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။ ယင်းတွဲလက်ညီညီကမ်ပိန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးနှင့် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် အမျိုးသမီးကိုယ်စားပြုမှုနှင့် ခေါင်းဆောင်မှုများ ပိုမိုများပြားလာစေရန် ရည်ရွယ်၍ လုပ်ဆောင်သွားမည် ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ တက်ကြွစွာပါဝင်ရန် စည်းရုံးပြောဆိုခြင်းများ၊ အမျိုးသမီးခေါင်းဆောင်များ ပိုမိုများပြားလာစေခြင်းကို လူထုထောက်ခံမှုရရှိအောင် စည်းရုံးလှုံ့ဆော်ခြင်းများ၊ ဆုံးဖြတ်ချက်ချမှတ်သူများ၏ ပံ့ပိုးမှုများ ရရှိလာစေရန် အဓိကထား ဆောင်ရွက်သွားမည် ဖြစ်သည်။… Read more...


ကျား မ တန်းတူညီမျှမှုနှင့် နိုင်ငံရေးကျား မ တန်းတူညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှုဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပပြုလုပ်

ကျား၊ မတန်းတူ ညီမျှမှုနှင့် နိုင်ငံရေးတွင် အားလုံးပါဝင်နိုင်မှု ဆိုင်ရာ ဆွေးနွေးပွဲ (Conference on Gender, Inclusion, and Political Participation) ကို ၂၀၁၇ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့တွင် Chatrium Hotel ၌ ရောင်ခြည်သစ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် International Foundation for Electoral System တို့မှ ပူးပေါင်းကျင်းပခဲ့ပါသည်။ ဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း ၁၂၀ ဦးခန့် တက်ရောက်ဆွေးနွေးခဲ့ကြသည်။ ယင်းဆွေးနွေးပွဲသည် ဒုတိယအကြိမ်ကျင်းပခြင်းဖြစ်ပြီး ပထမအကြိမ်ဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်တွင် ကျင်းပခဲ့ပြီး ဖြစ်သည်။ ယခုအကြိမ်ဆွေးနွေးပွဲတွင် ပထမအကြိမ်ဆွေးနွေးပွဲမှ အကြံပြုချက်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်များကို သုံးသပ်ခဲ့သည့်အပြင် ကျား မ တန်းတူရေးနှင့်စပ်လျဉ်း၍ ရှေ့ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့်ကဏ္ဍများကို ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြပါသည်။… Read more...


ရောင်ခြည်သစ် လူမူရေး သတင်းလွှာ (အမှတ်- ၃)

RESOURCES

Yaung Chi Thit is non-political and non-religious association which was established in 2009. Nowadays it is an organization that strives for as a society in which all the citizens of Myanmar have the right to practice their citizenship rights fully and encourages citizens to engage in the decision making process for policies that can bring welfare to them.… Read more...