ပုသိမ်မြို့တွင် ဥပဒေအမြင်ဖွင့်သင်တန်းပြုလုပ်

ရောင်ခြည်သစ်အဖွဲ့မှ ဆရာမ မခင်လှ ဦးဆောင်ပြီး အမျိုးသမီးများနှင့်သက်ဆိုင်သော ဥပဒေအမြင်ဖွင့် သင်တန်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တိုင်းရုံး၌ ၂၀၁၉၊ ဇွန်လ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိမြို့နယ် ၁၂ မြို့နယ်မှ တာဝန်ရှိသူ အမျိုးသမီး ၂၆ ဦးပါဝင်တက်ရောက်ခဲ့ကြပါသည်။ … Read more...


ရောင်ခြည်သစ်အဖွဲ့နှင့် Lutheran World Federation တို့ ပူးပေါင်း၍ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းပြုလုပ်

ရောင်ခြည်သစ်အဖွဲ့မှ Lutheran World Federation ၏ ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်လုပ်ဆောင်နေသော အမျိုးသမီးခေါင်းဆောင်မှုသင်တန်းတွင် “အမျိုးသမီးခေါင်းဆောင်မှု အရည်အချင်းများ”ဆိုင်ရာ အသိပညာနှင့် ဘာသာရပ်များကို ပါဝင်ကူညီသင်ကြား ပို့ချနိုင်ခဲ့ပါသည်။ အဆိုပါသင်တန်းကို ဇွန်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့ အထိ အမျိုးသမီး ၁၉ ဦးပါဝင်လျက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်ပြုလုပ်ခဲ့ပါသည်။… Read more...


ကျား/မရေးရာ ခေါင်းဆောင်မှုသင်တန်း မော်ဂျူး (၃) ပြုလုပ်

အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်း၊ ကျားမရေးရာ ခေါင်းဆောင်မှုသင်တန်းကို စစ်တွေ၊ ပေါက်တော၊ မြောက်ဦးနှင့်ပုဏ္ဏားကျန်းမြို့နယ်တို့ရှိ ကျေးရွာ(၈) ရွာမှ မော်ဂျူး ၁၊ ၂ သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသမီး (၂၉) အား ထပ်မံ၍ ကျား/မ ရေးရာ ခေါင်းဆောင်မှုသင်တန်း မော်ဂျူး-၃ ကို စစ်တွေမြို့၊ အာရီယန်ခန်းမတွင် (၁.၂.၂၀၁၉) မှ (၄.၂.၂၀၁၉) နေ့အထိပြုလုပ်ခဲ့သည်။… Read more...


ကျား/မ ရေးရာခေါင်းဆောင်မှု သင်တန်း မော်ဂျူး(၃)အတွက်ဆွေးနွေး

ရောင်ခြည်သစ်အဖွဲ့မှရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်းအောက်ရှိ ကျား/မရေးရာ ခေါင်းဆောင်မှုသင်တန်း မော်ဂျူး(၁)၊ (၂)တွင် ပါဝင်တက်ရောက်ခဲ့သည့် မြို့နယ်(၄)ခုမှ သင်တန်းသူများနှင့် စစ်တွေမြို့၌ ၁၆.၁၂.၂၀၁၈ ရက်နေ့က တွေ့ဆုံ၍ မော်ဂျူး(၃)သင်တန်းတွင် ထည့်သွင်းသင်ကြားသင့်သည့် အကြောင်းအရာတချို့အား ဆွေးနွေးခဲ့ကြပါသည်။… Read more...


‘အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်ရည်မြှင့်တင်မှုစီမံကိန်း၊ ရခိုင်ပြည်နယ်၊ကျား/မ ရေးရာ ခေါင်းဆောင်မှုသင်တန်းမော်ဂျူး-၂”

စစ်တွေ၊ ပေါက်တော၊မြောက်ဦး နှင့်ပုဏ္ဏားကျန်းမြို့နယ်တို့ရှိ ကျေးရွာ(၈)ရွာမှ “ မော်ဂျူး-၁” သင်တန်းတက်ရောက်ခဲ့သည့် အမျိုးသမီး (၂၉) အား ထပ်မံ၍ ကျား/မ ရေးရာ ခေါင်းဆောင်မှုသင်တန်း” မော်ဂျူး-၂” ကိုစစ်တွေမြို့၊ မင်းသူရိယခန်းမတွင် (၁၃.၁၂.၂၀၁၈) မှ (၁၅.၁၂.၂၀၁၈) နေ့အထိဆွေးနွေးပို့ချလျက်ရှိသည်။ … Read more...


She Leads သင်တန်းသူများအား အသေးစားငွေကြေးပံ့ပိုးမည့်အစီအစဉ်

Stipendရောင်ခြည်သစ်အနေဖြင့် She Leads အဆင့်မြင့်သင်တန်းတက်ရောက်ပြီးသော သင်တန်းသူဟောင်း များအတွက်ရည်ရွယ်ပြီး အသေးစားငွေကြေးပံ့ပိုးမည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ပြည်နယ်(သို့)တိုင်းဒေသကြီးတစ်ခုစီမှအမျိုးသမီး စွမ်းဆောင်ရည်မြင့်တင်ခြင်းနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် အကောင်အထည်ဖော်လုပ်ဆောင်မည့်အုပ်စုတစ်ခုစီကို အသေးစား ငွေကြေးပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကိုလျှောက်ထားရာတွင် She Leads သင်တန်းသူ များအနေဖြင့် အဖွဲ့(အုပ်စု)လိုက်လျှောက်ထားရမည်ဖြစ်ပြီး အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည် ဖြစ်သည်။ She Leads သင်တန်းမှလေ့လာသင်ယူခဲ့ရသော အသိပညာဗဟုသုတများနှင့် ခေါင်းဆောင်မှုစွမ်းရည် များကို ရပ်ရွာဒေသအတွက် အကျိုးပြုစေရန်တီထွင် ဖန်တီးထားသောပုံစံများဖြင့် လျှောက်ထားသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။***ဘယ်သူတွေလျှောက်ထားနိုင်သလဲ*** အပတ်စဉ် ၁ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၂ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၃ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ တူညီသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ အမှတ်စဉ် (၁)၊(၂) နှင့် (၃) တို့တွင် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူဟောင်းများစုပေါင်း၍လည်း လျှောက်ထားနိုင်သည်။မှတ်ချက် ။ ။ တစ်ဦးတစ်ယောက်တည်းလျှောက်ထားခြင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။***ဘယ်တော့လျှောက်ထားရမလဲ*** ၁၆.၁၁.၂၀၁၈ ရက်နေ့ (သောကြာနေ့) တွင် စတင်လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပုံစံကို Yaung Chi Thit / She Leads ဖေ့ဘုတ်စာမျက်နှာတွင် ရယူနိုင် ပါသည်။… Read more...


အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်မြှင့်တင်မှုစီမံကိန်း” “ ကျားမရေးရာ ခေါင်းဆောင်မှုသင်တန်းမော်ဂျူး(၁)

ရောင်ခြည်သစ်အဖွဲ့အနေဖြင့်” အားလုံးပါဝင်သောဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသမီးစွမ်းဆောင်မှု မြှင့်တင်မှုစီမံကိန်း” ကျားမရေးရာခေါင်းဆောင်မှုသင်တန်းမော်ဂျူး(၁)” ကို စစ်တွေမြို့၊ ရှေးကရုဏာခန်းမတွင် နို၀င်ဘာ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည်။ စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ပေါက်တောမြို့နယ်များမှ အမျိုးသမီး(၂၉)ဦး ပါဝင်လေ့လာသင်ယူလျက်ရှိပါသည်။… Read more...


အမျိုးသမီးခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး (အဆင့်မြင့်) သင်တန်း ရန်ကုန်မြို့တွင်ကျင်းပပြုလုပ်

1

7

20181106_114731

20181106_113628

20181106_113932

20181106_100419

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်ရေး(အဆင့်မြင့်) သင်တန်းကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်နေ့ထိ ရန်ကုန်မြို့ရှိ CBCM Training Hall တွင်ကျင်းပပြုလုပ်လျက်ရှိသည်။ပဲခူး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကရင်၊ မွန်၊ ရှမ်း(မြောက်)၊ ချင်း၊ ကယား၊ တနင်္သာရီ စသည့်တိုင်းနှင့်ပြည်နယ် အသီးသီးမှသင်တန်းသူစုစုပေါင်း ၃၄ ဦးပါဝင်တက်ရောက်လေ့လာသင်ယူလျက်ရှိပါသည်။… Read more...


နေရပ်စွန့်ခွာရွေ့ပြောင်းနေထိုင်စခန်းရှိ အမျိုးသမီးများအတွက် အမျိုးသမီးခေါင်းဆောင်မှုသင်တန်းပြုလုပ်

ရောင်ခြည်သစ်က ဦးဆောင်ပြုလုပ်သော နေရပ်စွန့်ခွာ အမျိုးသမီးများအတွက် ခေါင်းဆောင်မှုစွမ်းရည်မြှင့် သင်တန်း မော်ဂျုး (၁)ကို ဇူလိုင်လ (၃၀)  –  သြဂုတ်လ (၁) ရက်နေထိလည်းကောင်း၊ မော်ဂျုး(၂) ကို ၂၆ – ၂၈ စက်တင်ဘာ၊ ၂၀၁၈ ထိလည်းကောင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more...

အမျိုးသမီးခေါင်းဆောင်မှုသင်တန်း မော်ဂျူး (၂) လားရှိုးတွင် ကျင်းပပြုလုပ်

ရောင်ခြည်သစ်အဖွဲ့၏အမျိုးသမီးစွမ်းရည်မြှင့်တင်မှု အစီအစဉ်တစ်ခုဖြစ်သည့် She Leads Program မှ လုပ်ဆောင်ချက်တစ်ခုဖြစ်သော အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်း မော်ဂျူး(၂) ကို စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ထိ လားရှိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ သင်တန်းသူ ၂၇ ဦး တက်ရောက်ခဲ့ပါသည်။

Read more...