ပင်မစာမျက်နှာ / She Leads သင်တန်းသူများအား အသေးစားငွေကြေးပံ့ပိုးမည့်အစီအစဉ်

She Leads သင်တန်းသူများအား အသေးစားငွေကြေးပံ့ပိုးမည့်အစီအစဉ်

Stipendရောင်ခြည်သစ်အနေဖြင့် She Leads အဆင့်မြင့်သင်တန်းတက်ရောက်ပြီးသော သင်တန်းသူဟောင်း များအတွက်ရည်ရွယ်ပြီး အသေးစားငွေကြေးပံ့ပိုးမည့် အစီအစဉ်တစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်သည် ပြည်နယ်(သို့)တိုင်းဒေသကြီးတစ်ခုစီမှအမျိုးသမီး စွမ်းဆောင်ရည်မြင့်တင်ခြင်းနှင့် ကျား၊မရေးရာတန်းတူညီမျှမှုအတွက် အကောင်အထည်ဖော်လုပ်ဆောင်မည့်အုပ်စုတစ်ခုစီကို အသေးစား ငွေကြေးပံ့ပိုးပေးသွားမည်ဖြစ်ပါသည်။ ဤအစီအစဉ်ကိုလျှောက်ထားရာတွင် She Leads သင်တန်းသူ များအနေဖြင့် အဖွဲ့(အုပ်စု)လိုက်လျှောက်ထားရမည်ဖြစ်ပြီး အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး ပါဝင်ရမည် ဖြစ်သည်။ She Leads သင်တန်းမှလေ့လာသင်ယူခဲ့ရသော အသိပညာဗဟုသုတများနှင့် ခေါင်းဆောင်မှုစွမ်းရည် များကို ရပ်ရွာဒေသအတွက် အကျိုးပြုစေရန်တီထွင် ဖန်တီးထားသောပုံစံများဖြင့် လျှောက်ထားသူများကို ဦးစားပေးရွေးချယ်သွားမည်ဖြစ်ပါသည်။***ဘယ်သူတွေလျှောက်ထားနိုင်သလဲ*** အပတ်စဉ် ၁ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၂ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ အပတ်စဉ် ၃ အဆင့်မြင့်သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသူများ တူညီသည့် ပြည်နယ်နှင့်တိုင်းဒေသကြီးတို့မှ အမှတ်စဉ် (၁)၊(၂) နှင့် (၃) တို့တွင် အဆင့်မြင့်သင်တန်း တက်ရောက်ခဲ့ကြသည့် သင်တန်းသူဟောင်းများစုပေါင်း၍လည်း လျှောက်ထားနိုင်သည်။မှတ်ချက် ။ ။ တစ်ဦးတစ်ယောက်တည်းလျှောက်ထားခြင်းများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။***ဘယ်တော့လျှောက်ထားရမလဲ*** ၁၆.၁၁.၂၀၁၈ ရက်နေ့ (သောကြာနေ့) တွင် စတင်လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာပုံစံကို Yaung Chi Thit / She Leads ဖေ့ဘုတ်စာမျက်နှာတွင် ရယူနိုင် ပါသည်။


Related News