ဇူလိုင် လ ၁၄ ရက်နေ့တွင် She Lead Talk အမျိုးသမီးစကားဝိုင်းကို မုံရွာမြို့ရှိ Fancy House ဆိုင်တွင် ပြုလုပ်ခဲ့ပါသည်။ အမျိုးသမီးများနှင့် ငြိမ်းချမ်းလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းအကြောင်းအရာကို She Leads သင်တန်းသူ ဒေါ်ခင်မာဝင်းကလည်းကောင်း၊ အမျိုးသမီးနှင့် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းအရာကို သင်တန်းသူ ဒေါ်တင့်တင့်ဆွေကလည်းကောင်း ဦးဆောင်ဆွေးနွေးသွားကြပါသည်။ တက်ရောက်လာခဲ့ကြသော She Leads မုံရွာသင်တန်းသူများကလည်း အပြန်အလှန်မေးခွန်းမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ကြပါသည်။
She Leads Talk မုံရွာမြို့ အမျိုးသမီးစကားဝိုင်းပြုလုပ်
